Thursday, November 24, 2016

Vin Diesel ရဲ့အက်ရှင်ကားကောင်း

xXx (2002) and (2005)




IMDB: /10 votes
8062
XXX ဆိုလို့ 18+ မထင်လိုက်ပါနဲ့ . 2002ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ Vin Diesel ရဲ့အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 2002 မှာ အောင်မြင်ခဲ့ပြီး 2005မှာ နောက်ထပ် xXx 2005 ထပ်ထွက်ခဲ့ပြီး ထပ်မံနာမည်ကြီးခဲ့ရပြန်ပါတယ်၊ ခုလည်း 12နှစ်ကြာခဲ့ပြီး လာမယ့် 2017မှာ ဒီကားကထပ်မံထွက်ဦးမှာပါ ၊ အဲ့တော့ 2017 မှာ ထွက်ရင်ဇာတ်ရည် လည်လည်ကြည့်ရအောင် အရင်ကမကြည့်ခဲ့ဖူးတဲ့ပရိသက်များ အတွက် တင်ဆက်ပေးလိုက်ပါတယ်၊
ဇာတ်လမ်းအညွှန်းအနေနဲ့ အပိုင်း(၁) ကိုအနည်းငယ်လောက် ပြောပြချင်ပါတယ်
**********************************************************************
X လို့ စတန့်လောကမှာ နာမည်တွင်နေတဲ့ X(vin diesel)ဟာ အစိုးရအရာရှိတစ်ဦးရဲ့ ကားကိုခိုးယူပြီး တံတားပေါ်ကနေခုန်ချပြခဲ့တာကြောင့် ရဲတွေရဲ့ဖမ်းဆီးထိန်းယူခြင်းခံရပါတယ်၊ တစ်ချိန်တည်းမှာပဲ အစိုးရအကြမ်းဖက်ဖမ်းဆီးနှိမ်နှင်းရေး အဖွဲ့ဟာလည်း မှောင်ခိုးသမားတွေကိုဖမ်းယူဖို့ကြိုးစားတိုင်း
သူတို့ရဲ့ အေးဂျင့်တွေသာ အသက်ပေးလိုက်ရတဲ့အဖြစ်ကြောင့် အကြံအစီတစ်ခုအဖြစ် ဖမ်းဆီးထားတဲ့လူတွေထဲကမှ ထူးချွန်သူများကိုပြန်လည်ရွေးချယ်ပြီး အခွင့်ရေးတစ်ချို့နဲ့ အလဲအလှယ်လုပ်ကာ မှောင်ခိုသမားတွေကိုပြန်လည်ဖမ်းဆီးစေပါတယ်၊ ကဲ . . . ဇာတ်လမ်းလေးဒေါင်းပြီးသာ ဆက်လက်ကြည့်ရှုကြပါကုန်။
(ဒီဇာတ်လမ်း Part 1 and 2 နှစ်ခုလုံးကိုဘာသာပြန်ပေးသူကတော့ cm teamမှ Wai Yan M ဖြစ်ပါတယ်။)
https://my.pcloud.com/#page=filemanager&folder=0&file=f1748148906

xXx (2005) ကိုပါ တစ်ဆက်တည်းတင်ဆက်ပေးလိုက်ပါတယ် ၊
အညွှန်းတော့မရေးပေးတော့ပါဘူး
https://my.pcloud.com/#page=filemanager&folder=0&file=f1748148906
မူရင်း

http://www.channelmyanmar.org/xxx-2002-and-2005/





Thursday, August 18, 2016

Cellular Transpoter Jason Statham

Cellular (2004) မြန်မာစာတန်းထိုး
အန်းဒရိုက် ဖုန်းများမ ပေါ် သေးမှီ လွန် လေပြီး သောအတိတ် ကာလတစ် ခု သောအခါ၌ ဆယ် လူလာဆို သောမိုလဗိုင်းလ် ဖုန်းများ ကြီးစိုးမင်းမူ နေ သောအချိန် ဗမာပြည် မှပြည် သူပြည် သားများ JXDဆို သော တလုတ် နိုင် ငံထုပ် Mp4 ကိုကိုင် နိုင် ရုံမျှဖြင့်  အ ကောင် ဖြစ် နေ သည့်  တစ် ခု သောကာလ၌ အနှီဆယ်လူလာကားသည် ကား ကျွန် နုပ် တို့ တန်းတန်းစွဲ ခေတ် စားခဲ့သည် ဆိုသတတ်
၎င်းဆယ်လူလာ ဇာတ် ကားသည် ကား ` 2004 ခုနှစ် မှာ ရုံတင် ခဲ့တဲ့ သည် ဇာတ် ကားဟာ IMDb 6.5 ရှိခဲ့ပါတယ် action . crime နဲ့ thriller အမျိုးအစားဖြစ် ပြီး ကျ နော် တို့ အရမ်းကြိုက် ခဲ့ရတဲ့ Transpoter မင်းသားကြီး Jason Statham ဟာဗီလိန် နေရာက နေသရုပ် ဆောင် ထားပါတယ် ခု နောက် ပိုင်း captain america ဇာတ် လမ်းနဲ့ နာမည် ကြီးလူသိများလာခဲ့တဲ့ မင်းသား ချော Chris Evans ဟာ မင်းသား နေရာက နေ သရုပ် ဆောင် ထားခဲ့ပါတယ် ဇာတ် လမ်း အကျဉ်းကို ပြေားရရင် တော့ ဘာမှန်းမသိရပဲ ပြန် ပေးဆွဲတာကိုခံလိုက် ရတဲ့ ကျောင်းဆရာမတစ် ယောက် ဘဝကိုဘာအပူအပင် မှမရှိပဲ ပေါ့ ပေါ့ပါးပါးဖြတ် သန်း နေခ့တဲ့ လူငယ် လေးတစ် ယောက် ရောင်း ချရမယ့်  တိုက် ခန်း နေရာကို ဗီဒီယိုရိုက် ကူး နေရင်း မှားယွင်းတဲ့အဖြစ် အပျက် တစ် ခုကို မှတ် တမ်းတင် မိသွားခဲ့ အိမ် ခြံ မြေအကျိုး ဆောင် အိမ် ထောင် ဦးစီးတစ် ယောက် ၂၇ နှစ် ကြာ တာဝန် ထမ်း ဆောင် ခဲ့ရလို့အလုပ် ကို ညီး ငွေ့ နေပြီးအညိမ်းစားယူ တော့မယ့်  ရဲအရာ ရှိတစ် ယောက် နေရာ ပေါင်းစုံ မတူညီတဲ့လူ ပေါင်းစုံတို့နဲ့ ဖွဲ့စည်းလိုက် တဲ့အခါမှာ တော့ Cellular ဆိုတဲ့ဇာတ် ကားဖြစ် ပေါ်လာခဲ့ပါတယ်
ကြည့် ဖူးတဲ့သူ တွေပြန် ကြည့် ချင် ကြမှာကျိန်း သေသလို မကြည့် ရ သေးသူ တွေလဲ လက် မလွှတ် သင့် တဲ့ ဇာတ် ကား ကောင်းတစ် ခုပါ´
ဒီလင့်ကနေ ဒေါင်းပါ>>>>https://my.pcloud.com/#page=filemanager&folder=0&file=f1376649549
မူရင်း
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ MIn Thet Oo ပဲ ဖြစ်ပါတယ်)

Thursday, August 11, 2016

Jason Statham

Wild Card (2015)


နံမည်ကြီး Las Vagas မြို့ လောင်းကစားလောကမှာ ကျင်လည်နေထိုင်သူ နခ် ( Nick Wild) လောလောဆယ် မှာတော့ ကိုယ်တိုင်ကြိုးစားပြီး ချမ်းသာလာတဲ့ ဆိုင်းရပ်စ် (Cyrus Kinnick) ဆိုတဲ့ သူဌေးရဲ့ ကိုယ်ရံတော်ဖြစ်ပါတယ်။

တစ်ရက်တော့ ဟော်လီ (Holly) ဆိုတဲ့ အမျိုးသမီးက night club ကပြန်လာတဲ့ သူမကို ဘယ်သူမှန်းမသိတဲ့ လူ ၃ ယောက်က ရိုက်နှက်စော်ကားခဲ့တဲ့အတွက် အဲ့ဒီလူတွေကိုရှာပေးဖို့ နခ်ကို အလုပ်အပ်ပါတယ်။

 အဲ့ဒီ ကိစ္စမှာ အဓိကတရားခံက လူဆိုးခေါင်းဆောင် ဒီမာကို (Demarco) ဖြစ်ကြောင်း နခ် ရှာတွေ့သွားတဲ့အခါ ဒီမာကို နဲ့တွေ့ဖို့ သူနေထိုင်တဲ့ ဟော်တယ်ကို သွားခဲ့ပါတယ်။ သူ့ကို တိုက်ခိုက်တဲ့ ဒီမာကိုရဲ့ တပည့်တွေကို အနိုင်ယူပြီး ဒီမာကိုကို ကြိုးတုပ်ကာ ဟော်လီကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။ ဟော်လီရောက်လာတဲ့အခါ ဒီမာကိုက သူ့ကိုခွင့်လွှတ်ဖို့ တောင်းပန်တဲ့အတွက် မသတ်တော့ပဲ ဒေါ်လာ ၅သောင်းပဲ ယူခဲ့လိုက်ပါတယ်။ အဲ့ဒီနောက် ငွေကို နခ်နဲ့ တစ်ဝက်စီခွဲယူပြီး ဟော်လီက ဗေးဂတ်စ် မြို့ကို စွန့်ခွာသွားပါတယ်။


နခ်ကတော့ ဆိုင်းရပ်စ်နဲ့ အတူလောင်းကစားရုံတစ်ရုံကိုသွားကာ သူ့ဝေစုပိုက်ဆံတွေအားလုံး လောင်းကြေးထပ်လိုက်ရာ ဒေါ်လာ ၅သိန်းကျော် အနိုင်ရသွားပါတယ်။ လောင်းကစားတို့ ထုံးစံအတိုင်း လောဘမသတ်နိုင်တဲ့အတွက် နောက်တစ်ခါထပ်လောင်းတဲ့အခါ တစ်ချီထဲနဲ့ သူ့ငွေတွေအားလုံး ပြန်ပြီးပေးလိုက်ရပါတော့တယ် ။


လောင်းကစားရုံမှအပြန် နခ်က ဒီမာကိုရဲ့ လူတွေရဲ့ တိုက်ခိုက်ခြင်းကိုခံရပြန်ပါတယ်။ နောက်နေ့မှာတော့ နခ်က ဗေးဂတ်စ်မြို့ရဲ့ မာဖီးယားခေါင်းဆောင် ဘေဘီ (baby) နဲ့ တွေ့ပါတယ်။ လူဆိုးဂိုဏ်းတွေရဲ့ အစည်းအဝေးမှာ နခ်က လောင်းကစားမှာငွေလိုတဲ့အတွက် သူ့လူတွေကို သတ်ပြီး ငွေတွေယူသွားကြောင်း ဒီမာကိုက ဘေဘီကို တိုင်ပြောပါတယ်။ အဲ့ဒါကြောင့် နခ်က ဒီမာကိုပြောသလိုမဟုတ်ပဲ အပြစ်မရှိကြောင်း အကြောင်းစုံရှင်းပြပေမယ့် သက်သေမပြနိုင်ရင် နခ်ကို သတ်မှာဖြစ်ကြောင်း ခြိမ်းခြောက်ပါတယ်။ ဒါပေမယ့် ဒီမာကိုရဲ့ အလိမ်ပေါ်သွားတဲ့အတွက် ဘေဘီက နခ်ကို လွှတ်ပေးလိုက်ပါတယ်။


 အမှန်တရားဘက်တော်သား လောင်းကစားသမား နခ်ရဲ့ မဝေးတော့တဲ့အနာဂတ်ဟာ ကြမ္မာဆိုးလား ကံကောင်းခြင်းလားဆိုတာကိုတော့  ဆက်လက်ခံစားကြည့်ကြပါ။

IMDB 6.0 ရရှိထားပြီး ၂၀၁၅ နှစ်အစမှာ ပွဲဦးထွက်ရုံတင်လာတဲ့ ဒီဇာတ်ကားက ဂျေဆန်ကိုကြိုက်တဲ့ ၊ အက်ရှင်ဇာတ်ကြမ်းကိုကြိုက်တဲ့ ပရိတ်သတ်အတွက်ဆိုရင်တော့ John Wick ပြီးရင် နောက်ထပ်ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားပါပဲ ။

သရုပ်ဆောင်တွေကတော့

နခ်အဖြစ် The Transporter ၊ The Italian Job, The Expendables ဇာတ်လမ်းတွဲတွေနဲ့ ကျော်ကြားတဲ့ အက်ရှင်မင်းသားချော ဂျေဆန် (Jason Statham)
ဆိုင်းရပ်စ်အဖြစ် မင်းသားချော မိုက်ကယ် (Michael Angarano)
ဟော်လီ အဖြစ် စွဲဆောင်မှုအပြည့်နဲ့ မင်းသမီးချော ဒေါ်မနစ် (Dominik Garcia-Lorido)
ဒီမာကို အဖြစ် မိုင်လို (Milo Ventimiglia)
ဘေဘီအဖြစ် စတန်လေ (Stanley Tucci) နဲ့ တခြားသရုပ်များစွာပါဝင်ပြီး Con Air, The Expendables နဲ့ Tom Rider စတဲ့ ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ ဆိုင်မွန် ( Simon West) ကရိုက်ကူးထားတာပါ။

ရုပ်ရှင်အညွှန်း - MMMovieGuide

1h:32 မိနစ်ရှည်တဲ့ဇာတ်လမ်းကို  354 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းလုပ်ရယူနိုင်ပါပြီ။
https://my.pcloud.com/#page=filemanager&folder=0&file=f1351843509

http://www.flim2mm.com/search/label/Hollywood

အာနိုး Arnold ကား

Sabotage (2014)


ဒီတစ်ခါတော့ အက်ရှင်၊ဒရမ်မာ ပရိတ်သတ် အကြိုက် ဇာတ်ကားကောင်း တစ်ကားဖြစ်လာမည့် Sabotage ဆိုတဲ့ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကို မင်းသားကြီး Arnold Schwarzenegger က အဓိကပါဝင်သရုပ်ဆောင်ထားသလို Avatar မင်းသား Sam Worthington နဲ့ Iron Man 1 နဲ့ Prisoners ဇာတ်ကား မှာ ပါဝင်တဲ့ Terrence Howard တို့ က အားဖြည့်သရုပ်ဆောင်ထားပါတယ်။

ဒီကားမှာ မင်းသား Arnold ကို တစ်ခြားဘယ်ကားနဲ့မှ မတူတဲ့ ဇာတ်ကောင်မျိုးနဲ့တွေ့ရပါတယ်။ ဒီကားမှာ Arnold က DEA (Drug Enforcement Agency) Agent တစ်ဦးဖြစ်ပြီး အဖွဲ့ခေါင်းဆောင် တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပါတယ်။ တစ်နေ့မှာ သူတို့ အဖွဲ့က ဘိန်းဖြူဂိုဏ်းကို ၀င်ဖမ်းရင်းနဲ့ ဘိန်းနဲ့အတူ ပိုက်ဆံတွေ သန်းပေါင်းများစွာဖမ်းမိပါတယ်။ ဇာတ်လမ်းရဲ့အလှည့်အပြောင်းအနေနဲ့ ဒီသက်သေခံပိုက်ဆံထဲက တစ်ချို့ပျောက်နေသလို လူဆိုးတွေကလည်း သူ့အဖွဲ့သားတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်သတ်နေပါတယ်။

သူတို့အဖွဲ့မှာ သစ္စာဖောက်တစ်ယောက် ရှိနေပြီး အချင်းချင်း ယုံကြည်မှုတွေ ပျောက်ကုန်ပါတယ်။ ဒါကို Arnold အနေနဲ့ ဘယ်လို ဖြေရှင်းမလည်း ဘိန်းရာဇာတွေနဲ့ ဘယ်လို ရင်ဆိုင်မလည်းဆိုတာကို Action သီးသန့်မဟုတ်ပဲ Drama နဲ့ရောထားပြီး ရိုက်ကူး ထားပါတယ်။

ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။ Arnold ပရိတ်သတ်တွေ အကြိုက်တွေ့ဦးမှာပါ..။
ရုပ်ရှင်အညွှန်း

IMDB 5.7 ရထားတဲ့ဇာတ်ကားဟာ 1h:49mins ကြာမြင့်ပါတယ်။ 499 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။
https://my.pcloud.com/#page=filemanager&folder=0&file=f1351845204


http://www.flim2mm.com/search/label/Hollywood

ကိုရီးရားအချစ်ဇာတ်လမ်း 18 အောက်မကြည့်ရ

Plum Blossom (2000)


ဒီဇာတ်လမ်းကို မြန်မာနိုင်ငံက ကိုရီးရားပရိသတ်တွေ တော်တော်များများသိပါတယ်။

ဆယ်ကျော်သက်ကောင်လေးတွေအနေနဲ့ သူတို့ရဲဟိုမုန်းဓါတ်ကို တည်ငြိမ်အောင်ထိမ်းဖို့ဆိုတာ သိပ်တော့မလွယ်ကူပါဘူး။ အထက်တန်းကျောင်းသားဖြစ်တဲ့ ဂျယို နဲ့ သူ့ရဲ့အတန်းဖေါ်ဖြစ်တဲ့ ဟာရာနဲ့အတူ လူပျိုရည်အပျိုရည်ဘဝကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ပြီး မကြာခဏဆိုသလို အချစ်နယ်ကျွံကြပါတယ်။ နောက်ပိုင်း ဂျယိုဟာ ဟာရာကို လျစ်လျူရှုပြီးနောက်ပိုင် ခံစားချက်တွေကြီးမားလာတဲ့ ဟာရာဟာ မိမိကိုယ်မိမိ သေကြောင်းကြံစည်ခဲ့ပါတယ်။ ဟာရာသေဆုံးပြီးနောက်ပိုင်မှာ ဂျယိုဟာ အချစ်မပါတဲ့ ကာမကိစ္စတွေမှာပဲ ဘဝကိုနှစ်မြှုပ်ထားပါတော့တယ်။ နောက်ဆုံး ချစ်စရာကောင်းတဲ့ နာစ့်မလေးတဦးနေ့တွေ့တဲ့အခါမှတော့..
ဂျယိုရဲ့ သူငယ်ချင်းကလည်း သူ့အတန်းမှာ စာသင်တဲ့ဆရာမကို မဖုံးနိုင်မဖိနိုင်ကြိုက်နေရာကနေ ဆရာမကဘယ်လိုတုန့်ပြန်မလည်းဆိုတာကိုလည်း... 
ကဲအမြည်းဖတ်ပြီးပြီဆိုရင်တော့ ဒီဇာတ်ကားဟာ လူတိုင်းကြည့်ဖို့မသင့်ပါဘူးဆိုတာသိသာနေပါပြီ။ ဒါကြောင့်ကြည့်သင့်တဲ့သူပဲ 470MB နဲ့ ဒေါင်းပြီးကြည့်ကြပါလို့ ...


ဒီဇာတ်လမ်းနဲ့အတူ Erotic  ဆိုတဲ့ ကဏ္ဍ ကို ထပ်မံဖြည့်ဆည်းလိုက်ပါကြောင်း..



အက်ရှင်မင်းသားကြီး Bruce Willis ရဲ့ 2016 အက်ရှင်ဇာတ်ကြမ်းကို တင်ပေးလိုက်ပါတယ်။

Marauders (2016)


အက်ရှင်မင်းသားကြီး Bruce Willis ရဲ့ 2016 အက်ရှင်ဇာတ်ကြမ်းကို တင်ပေးလိုက်ပါတယ်။
ဇာတ်လမ်း အကျဉ်းလေးကတော့ ဘဏ်တခုကို ဓါးပြတိုက်မှုတစ်ခုကနေစတင်ထားပြီး
ဓါးပြမှုမှာ ကျန်ရှိခဲ့တဲ့ သဲလွန်စတွေအကုန်လုံးက ဘဏ်ပိုင်ရှင်နဲ့ သူ့ရဲ့ ပါတနာဖောက်သည်ကို ညွှန်ပြနေမှုကြောင့် FBI က မသင်္ကာဘဲ လိုက်လံစုံစမ်းရာမှ ဘယ်လို အရှုပ်တော်ပုံတွေ   ပေါ်ပေါက်လာလေမလဲ ဆိုတာကိုတော့ ပရိတ်သတ်ကြီးကဘဲ ကြည့်ရှူလိုက်ကြပါတော့ခင်ဗျာ။

IMDB 5.4 ရရှိနေဆဲ အက်ရှင်ဇာတ်ကြမ်းဟာ 1h:47mins ကြာမြင့်ပါတယ်။ 482 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

https://my.pcloud.com/publink/show?code=XZhwIuZ2hdmH5MbaDFqGElNU9FsEQtN7W3y
http://www.flim2mm.com/2016/07/marauders-2016.html







Monday, August 8, 2016

သိပ္ပံဇာတ်ကား

Independants Day (2016)
***********************************
ကဲဒီနေ့တော့ ပရိတ်သတ်ကြီး မပျင်းရလေအောင် နော်ကထပ် မတူညီတဲ့
ကားလေးတကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ် ဗျာ
ဒီကားလေးကတော့ Si Fi ပရိတ်သတ်တွေ အထူးကြိုက်နှ်စ်သက်မယ်
ကားလေး ပါ ကဲ ကောင်းမကောင်းကတော့ မညွှန်းတော့ပါဘူး အမြန်သာ
ဒေါင်းယူကြည့်လိုက်ပါတော့ 

https://my.pcloud.com/#page=filemanager&folder=103804991&file=f1339898737

Sunday, August 7, 2016

ဇွန်ဘီပုရိသတ်တွေအတွက် ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ အက်ရှင်ကားကောင်းလေးပါ Horror,Thriller

dead_rising_watchtower_ver3_xlg
ဇွန်ဘီပုရိသတ်တွေအတွက် ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ အက်ရှင်ကားကောင်းလေးပါ Horror,Thriller ကားတွေက Rating နည်းလေ့နည်းထ ရှိပေမဲ့ ဒီကားက 5.2 ရထားပါတယ်
ဒီဇာတ်ကားက နဲနဲလေးနိုင်ငံရေးနဲ့လည်းဆက်နွယ်နေတယ်… သတင်းထောက်သမားနှစ်ဦး ကအမေရိကန်မှာ ပြန်ဦးမော့လာတဲ့ဇွန်ဘီပိုး နဲ့ပက်သက်ပြီး ဇာတ်လမ်း(သတင်း)ယူဖို့ရောက်သွားရာကနေ ဒုက္ခစက်ကွင်းထဲရောက်ရှိသွားပါတယ် တစ်ယောက်ကတော့ဘေးကင်းရာရောက်ရှိသွားပေမဲ့ ကျန်တစ်ယောက်ကတော့….ဇွန်ဘီတောထဲမှာ တလည်လည်နဲ့ ဘယ်လိုရုန်းထွက်မလဲ…. ဘေးကင်းရာကို ရောက်ရှိသွားတဲ့သူကရော တကယ်ဘေးကင်းလား ဆိုတာ..ပရိတ်သတ်ကြီး ကပဲဆက်ကြည့်လိုက်ပါတော့လို့ ပြောပါရစေ….။
https://my.pcloud.com/#page=filemanager&folder=103804991&file=f1339649366

https://my.pcloud.com/#page=filemanager&folder=103804991&file=f1339650987

Saturday, June 11, 2016

ကာတွန့် Angry Bird (2016) မြန်မာစာတန်းထိုး

Angry Bird (2016) မြန်မာစာတန်းထိုး



ကမ္ဘာကျော်ဂိမ်းကို ရုပ်ရှင်အဖြစ် ပြန်ပြီး အသက်သွင်းတဲ့ The Angry Birds Movie ဖြစ်ပါတယ် .. Animation ပရိတ်သတ်တို့ မျှော်လင့်ခဲ့ရတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး .. ဇာတ်လမ်းအရဆိုရင် Angry Bird တွေ ဖြစ်ပေါ်လာပုံကို အစပျိုး မိတ်ဆက်ပေးထားပါတယ်
ဂိမ်းထဲမှာ ဘာကြောင့် ဝက်တွေနဲ့ ရန်ဖြစ်ရလဲ ဆိုတဲ့အကြောင်းကို သိရမှာပါ .. ဂိမ်းထဲက အတိုင်း ငှက်တစ်ကောင်စီရဲ့ စွမ်းရည်တစ်မျိုးစီကိုလည်း ကောင်းကောင်းမွန်မွန် ကြည့်ရှူခံစားရပါမယ်..

ဇာတ်လမ်းကြီးကြီးမားမားမရှိပေမယ့် တင်ဆက်ပြသပုံ မဆိုးတဲ့အတွက် ကြည့်ရှုမယ့် ပရိတ်သတ်တွေ သဘောကျ စိတ်ကျေနပ်စေမှာပါ ... ရုပ်ရှင်ကပေးတဲ့ message တွေကလည်း ကောင်းမွန်တဲ့အတွက် ကြည့်ရကျိုးနပ်ပါလိမ့်မယ် .. အထူးသဖြင့် ဇာတ်ကောင်လေးတွေကို မိတ်ဆက်တဲ့နေရာမှာ သဘောကျစရာလေးတွေပါဝင်ပြီး ချစ်စရာပုံစံလေးတွေလည်း အများကြီးတွေ့ရပါဦးမယ် ခင်ဗျ .. ပြောရရင် animation cartoon ချစ်သူတို့ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကားတစ်ကားဖြစ်ပါကြောင်း။အားပေးကြည့်ရှုခံစားကြပါဦး

ထွက်သမျှတွေထဲက အကြည်ဆုံးဖြစ်တဲ့ 720 HDTCဗားရှင်းနဲ့ တင်ပေးထားပါတယ်။ ကာလာတွေလဲ တော်တော်စုံတာမို့ ကြည့်ရတာ အဆင်ပြေမယ် ထင်ပါတယ်။Movie Sampleကိုလဲ Blogထဲမှာ ကြည့်နိုင့်ပါတယ် စိတ်ကျေနပ်မှူရှိမှာသာ ဒေါင်းကြပါ။Blu Ray ထွက်ရင်လဲ ထပ်ပြီး updateလုပ် ထပ်တင်ပေးသွားမှာမို့ blu rayမှ ကြည့်မယ်ဆိုတဲ့လူတွေတော့ စောင့်ကြပါလို့......


(ဩော် မေ့တော့မလို့ စာတန်းထိုးပြီးတဲ့အထိကြည့်ကြပါလို့ )

File Size         : 810 MB
Quality           :  720p HDTC

Running Time : 1hr 37 minute
Format           : Mp4
Genre             :Animation, Action, Comedy
Encoder         : Joker.phs
ကြည့်ရှုရန် https://my.pcloud.com/#page=filemanager&folder=0&file=f1141356722
https://my.pcloud.com/#page=filemanager&folder=0&file=f1141361152

Muay Thai Giant (2008) မြန်မာစာတန်းထိုး

Muay Thai Giant (2008) မြန်မာစာတန်းထိုး

ဒီကား လေးက တော့ဟာသဆန် ဆန် နဲ့ဖွဲ့စည်းထားတဲ့ Actionဆန်ဆန် ဇာတ်ကား တစ် ကားပါ ထိုင်းမှာ"Somtum"(သ င်္ဘောသီး ထောင်း) ဆိုပြီးနာမည် ကြီးသွားတဲ့ကား လေးဆိုလည်းဟုတ် ပါတယ် ထိုင်းနိုင် ငံကို လေလံပွဲတစ် ခုအတွက် လာတဲ့အ နောက်နိုင် ငံသား"ဘာတီ"ဟာ Clubမှာမူးပြီး passport တွေခိုးယူခံလိုက် ရပါတယ် ဒါကလည်း "ကီတင် "တို့မိသားစုနဲ့ဆုံ တွေ့လို့ရ အောင် ဖန် တီးလိုက် တဲ့ဇာတ်လမ်းလှည့် ကွက် လေး ပေါ့ဗျာ ဆက် ရ အောင်

အဲဒီမှာ passport ခိုးယူခံရပြီး နောက် ဆုံးအကျီ တောင် ဝတ် စရာမရှိပဲ တွေ ဝေ နေချိန် မှာ "ကီတင် "ဆိုတဲ ကောင် မ လေးနဲ့ဆုံမိကြပါတယ် သဘောကောင်းလွန်းတဲ့ "ကင် တီ"တို့မိသားစုနဲ နေထိုင်ရင်း လူ ပြောင် ကြီး "ဘာတီ"ဟာ  သံ ယောဇဉ် တွေတွယ် လာသည် နှင့် အမျှ တစ် နေ့မှာ တော့ လူဆိုးဂိုဏ်းတစ်ခုနှင့် သွားပက် သက် မိပါတယ် "ကင် တီ"တို့မိသားစုကိုဒုက္ခ ပေး တော့မဲ့ ဂိုဏ်းကို အူ ကြောင် ကြောင် လူ ပြောင် ကြီး"ဘာတီ"ဟာဘယ် လိုကာကွယ် မလဲဆိုတာ ပြောင် မြှောက် တဲ့Actionဇတ် ကွက် လေး တွေနဲ့ဖန် တီးတင် ဆက် ထားပါတယ် (PS.ဒီကားထဲမှာ မူးရင်းထိုင်းစကား ပြောတဲ့ နေရာကိုပဲ စာဖိုင် ထည့် သွင်းထားတဲ့အတွက် အင်္ဂလိပ် ဘာသာစကားနဲ ပြောတဲ့ နေရာ တွေမှာစာတန်းမလာပါကသည်းခံပေးကြပါ ဒါပေမဲ့ဇာတ်လမ်းရဲ့ ရသ မလျော့သွားပါဘူးလို့ တော့အာမခံပါတယ် )

File Size         : 590 MB
Quality           :DVD Rip

Running Time : 1hr 43 minute
Format           : Mp4
Genre             : Action, Comdey, Sport
Encoder         : Joker.phs
ရုပ်ရှင်ကြည့်ရန် https://my.pcloud.com/#page=filemanager&folder=0&file=f1141345078

Daredevil Season Episode ၁.၂ (မြန်မာစာတန်းထိုး)

Daredevil Season 2 Episode 2 (မြန်မာစာတန်းထိုး)
=====================================
အပိုင်း ၁ မှာတော့ Punisher က Daredevil ခေါင်းကို သေနတ်ကလေးနဲ့ ပစ်သွားတဲ့နေရာမှာ ပြီးသွားတာပါ။ ဆက်ကြည့်နိုင်ပါပြီ 

X-Men: Apocalypse (2016) မြန်မာစာတန်းထိုး

X-Men: Apocalypse (2016) မြန်မာစာတန်းထိုး

 
"X-Men: Apocalypse (2016)"

Marvel comicsမှာပါတဲ့ X-Menဇာတ်ကောင်တွေအပေါ် အခြေခံထားတဲ့ Superhero ရုပ်ရှင်ဖြစ်ပါတယ်။

X-Men: First Class (2011)နဲ့ X-Men: Days Of Future Past (2014)ရဲ့ အဆက်အဖြစ် ရည်ရွယ် ရိုက်ကူးထားတာဖြစ်ပြီးတော့ X-Men film series ရဲ့ ၉ကားမြောက်လည်း ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း Spoiler Free
+++++++++++++++++++++++

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အီဂျစ်ပြည်မှာ ဘုရားသခင်လို ကိုးကွယ်ခံခဲ့ရတဲ့ ပထမဆုံးသော စွမ်းအားရှင် Mutantကြီး ရှိခဲ့ဖူးပါတယ်။
နာမည်ကတော့ En Sabah Nur (Apocalypse)
ပိရမစ်တွေကိုလဲ သူ့အစွမ်းနဲ့ တည်ဆောက်ခဲ့သူပေါ့။

ဒါပေမယ့် သူနိုးထလာတဲ့အချိန် 1983မှာတော့ ကမ္ဘာကြီးမှာ လူသားတွေက ဟိုးအရင်တုန်းကလို မဟုတ်တော့ပါဘူး။
ဘာသာရေးကိုးကွယ်မှုတွေ၊ စစ်တပ် လက်နက်တွေနဲ့ စစ်ပွဲတွေရှိနေမှန်း သိလိုက်ရတဲ့အခါမှာတော့ စွမ်းအားရှင် Mutants တပည့်၎ယောက်ကို စုဆောင်းပြီးတော့ ကမ္ဘာဆေးဖို့ ပြင်ပါတော့တယ်။

Apocalypse ရဲ့အကြံကို သိသွားတဲ့အခါမှာတော့ X-Men အဖွဲ့က ဘယ်လိုတုံ့ပြန်တိုက်ခိုက်ကြမယ်ဆိုတာ.....။

(* စာတန်းထိုးအပြီး အဆုံးမှာ ဇာတ်ဝင်ခန်း after-credit-scene ပါဝင်ပါတယ်။)

+++++++++++++++++++++++++++

လက်ရှိအချိန်.. #IMDB မှာ rating 7.5အထိ ရထားပါတယ်။

* ဒီဇာတ်ကားမှာ ရေလည်လန်းတဲ့ ရိုက်ကူးမှု effectတွေ၊ ဇာတ်ဝင်ခန်းတွေ၊ ဝမ်းနည်းစရာတွေ၊ ဟာသကွက်တွေအပြင် သုံးထားတဲ့ မင်းသား မင်းသမီးတွေ၊ သံစဉ်တီးလုံးတွေ သီချင်းတွေကလဲ လန်းနေလို့ ကြည့်ရတာ အများကြီးတန်ပါတယ်။
ဒါ့အပြင် စကားပြောခန်းနဲပြီးတော့ ဇာတ်လမ်းကလဲ ရှင်းရှင်းပဲမို့ X-Men နဲ့ မရင်းနှီးတဲ့သူတွေတောင် နားလည်ရလွယ်ကူမယ့်အပြင်၊ ကြည့်ရှုသူကို ဇာတ်ကားအစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်မှာပါ။ *

ဒီဇာတ်ကားအတွက် #Budget $234 millionကို သုံးစွဲထားပါတယ်၊
ပြသချိန်က 144 minutes (2hrs 24mins) ကြာမြင့်မှာ ဖြစ်ပြီးတော့.....
X-Men (2000), X2: X-Men United (2003), X-Men: First Class (2011), X-Men: Days of Future Past (2014) တို့ရဲ့ Director Bryan Singerကပဲ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ -
James McAvoy (#Professor X)
Michael Fassbender (#Magneto)
Jennifer Lawrence (#Mystique)
Oscar Isaac (#Apocalypse)
Nicholas Hoult (#Beast)
Rose Byrne (#CIA agent Moira Mactaggert)
Tye Sheridan (#Cyclops)
Sophie Turner (#Jean_Grey)
Olivia Munn (#Psylocke)
Lucas Till (#Havok)
Evan Peters (#Quicksilver)
Kodi Smit-McPhee (#Nightcrawler)
Alexandra Shipp (#Storm)
Ben Hardy (#Angel/ #Archangel)
Lana Condor (#Jubilee)
Josh Helman (#William_Stryker)
Tómas Lemarquis (#Caliban)
တို့ ဖြစ်ပြီး...Hugh Jackman (#Wolverine)ကလည်း ပါဝင်ထားပါတယ်။
Stan Leeက သူ့မိန်းမ Joanie Leeနဲ့အတူ cameo ပါဝင်ထားပါတယ်၊
#Blob နေရာက သရုပ်ဆောင်ကတော့ wrestler "Giant" Gustav Claude Ouimet ဖြစ်ပါတယ်။

ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ ...
20th Century Fox, Marvel Entertainment, Bad Hat Harry Productions, Kinberg Genre, The Donners' Company, TSG Entertainment တို့ဖြစ်ပြီး 20th Century Foxက ဖြန့်ချိထားတာပါ။ 

ရုံတင်ခဲ့တဲ့ရက်တွေကတော့ ...
May 18, 2016 (United Kingdom)
May 27, 2016 (United States) ဖြစ်ပါတယ်။


#ဇာတ်ညွှန်းရေးသားသူ (Thiha Maung )
X-Men fans Myanmar>>> https://facebook.com/X-Men-fans-Myanmar-678775935594821/ 

(ဒီဇာတ်ကားကို Moe Myint Lwin မှခံစားတင်ဆက် ဘာသာပြန်ထားပါတယ်။
ဇာတ်ကားက ရုံတင်ဆဲဖြစ်တာကြောင့် BluRay မထွက်သေးပါဘူး...ဒါပေမယ့်ကြည့်လို့အဆင်ပြေမယ့်
HDTC.1080p.PINK.EDITTION (8.4GB) ထွက်လာတာကြောင့် မူရင်း (8.4GB) ကနေ
HDTC 720p (1.2GB) နဲ့ HDTC 360p (550MB) ထိဖိုင်ဆိုဒ်ချပြီး Encode ပေးထားပါတယ်။
ကာလာပိုင်းအတော်စုံလင်တဲ့ Edition မို့ CM ကနေ ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ခံစားပေးပါဦး။)

File size...(1.2GB)  
Quality...HDTC Rip 720p (PINK.EDITION)

Format...mp4
Duration....02:23:58
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung 

Encoder Note....Chinese Sub Hardcoded 
တိုက်ရိုက်ကြည့်ရန်
 X-Men: Apocalypse (2016) မြန်မာစာတန်းထိုး
https://my.pcloud.com/#page=filemanager&folder=0&file=f1141308401


Sunday, May 29, 2016

အရမ်းကိုလန်းတဲ့ Camera Android


Android ဖုန်းကိုင်ထားသေါ သူတို့အတွက် အရမ်းကိုလန်းတဲ့ Camera Android Application လေးတစ်ခုဖြစ်တဲ့ PIP Camera - Photo Editor Pro v3.7.2 versionကိုတင်ပေးလိုက်ပါတယ် ။ ဒီကောင်လေးကတော့ အရမ်းလန်းတယ်ဗျ။ ဘာဖြစ်ဆိုတော့ ဓာတ်ပုံတွေကို ပုံစံ အမျိုးမျိုး Effect အမျိုးမျိုး တွေနဲ့လုပ်လိုရပါတယ် ။ ပြော၇မယ်ဆိုရင် PC မှာ သုံးနေတဲ့ Adobe Software ကိုကျော်သွားလောက်အောင်ကောင်းပါတယ်ဗျာ။ ဘယ်လို့ ပုံစံတွေရသလည်းဆိုရင် ကျနော် အောက်မှာ ပုံစံ screen shot လေးရိုက်ပြထားပါတယ်။ အသုံးပြုလိုသူများအတွက် အောက်မှာ ဒေါင်းလုပ်ယူနိုင်ပြီး။
ဒေါင်းရန်
http://learningenglishyou.blogspot.com/2016/02/easily-making-your-photo-more-other.html

မူရင်း
https://www.facebook.com/ChanNyein.MW/posts/871081759664486

ဒီဇိုင်းလန်းပြီးတော့ သွက်လက်မြန်ဆန်ပြီးပေါ့ပေါ့ပါးပါး အသုံးပြုနိင်တဲ့ facebook

ဒီဇိုင်းလန်းပြီးတော့ သွက်လက်မြန်ဆန်ပြီးပေါ့ပေါ့ပါးပါး အသုံးပြုနိင်တဲ့ facebook 
ဒီဇိုင်းလန်းပြီးတော့ သွက်လက်မြန်ဆန်ပြီးပေါ့ပေါ့ပါးပါး အသုံးပြုနိင်တဲ့ facebook / ဒီfacebook ဒီဇိုင်းက တော်တော်လန်းတယ် ဒီfacebook ကို အင်ဒိုနီးရှား ဆိုဒ် က မလာတယ်လိုပြောပါတယ် ရှားပါပစ္စည်းလေးပါ ဒီfacebook ကို အသုံးပြုလိုပါက အရင်ရှိပြီး facebook ကို ဖျက်ပြီးမှ အသုံးပြုရမှာပါ version က 7.0 ပါ
ဒေါင်းရန်
http://learningenglishyou.blogspot.com/2016/03/stylish-facebook-apk-to-be-used.html
မူရင်း
https://www.facebook.com/ChanNyein.MW/posts/877762435663085


ကျွန်တော့်မှာရှိတဲ့ Font တွေအားလုံးကိုစုစည်းပြီးတင်ပေးလိုက်ပါတယ်ဗျာ။ အခုတင်ပေးလိုက်တဲ့ Font တွေကိုဒေါင်းယူထားစေချင်ပါတယ်ဗျာ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်စုဆောင်းထားတာ ကျွန်တော်သိ လို့ပါဘဲဗျာ။ အခြားလူတော်တော်များများမှာမရှိတဲ့ Font တော်တော်များများ ဒီထဲမှာပါဝင်ပါတယ်။ အဓိက စုစည်းထားတာကတော့ ၀င်းမြန်မာစာစနစ်အပြင်အခြားသော မြန်မာဖောင့်တွေတော်တော်များများကိုပါဝင် ပါတယ်။ ရန်ကုန်မှာတော့ ဖောင့်တွေကို ကွန်ပြူတာ Software တွေရောင်းတဲ့ ဆိုင်တွေမှာယူနိုင်ပေ မယ့် ဖောင့်တွေကို ၀ယ်မရတဲ့နေရာဒေသမှ သူငယ်ချင်းများအားလုံး အဆင်ပြေနိုင်ကြပါစေဗျာ။
ဒေါင်းရန်
http://learningenglishyou.blogspot.com/2016/03/all-myanmar-font-for-computer-do-very.html
မူရင်း
https://www.facebook.com/ChanNyein.MW/photos/a.823560157749980.1073741828.822691041170225/880225592083436/?type=3&theater

Keyboard Style 10 မျိုးနဲ့ Function များစွာ ပါဝင်ပါတဲ့ Bagan Keyboard (Activated) ====

Keyboard Style 10 မျိုးနဲ့ Function များစွာ ပါဝင်ပါတဲ့ Bagan Keyboard (Activated)
====
မင်္ဂလာပါ...
အခုတလော Bagan Keyboard လေး ခတ်စားလာပါတယ်....
အခု Bagan Keyboard ကို Activated လုပ်ပြီးသားပါ Code တောင်းစရာမလိုပါ ....
Keyboard style 10 မျိုးနဲ့ Function များစွာ ပါဝင်ပါသေးတယ်.. အခု Bagan Keyboard ကို Samsung Show Room မှာ 1500 ပေးဝယ်ရပါတယ်.. ကျနော့ဆီမှာတော့ Free ပေါ့ဗျာ 
ဒေါင်းရန်
မူရင်း

အခိုးခံလိုက်ရတဲ့ ကိုယ့်ဖုန်းကို ဘယ်လို ပြန်ရှာမလဲ????

အခိုးခံလိုက်ရတဲ့ ကိုယ့်ဖုန်းကို ဘယ်လို ပြန်ရှာမလဲ????
ကိုယ့်ရဲ့ ဖုန်း ကို ပုံပါ အဆင့်တွေ လုပ်ပြီးရင် ဝင်ရောက် စမ်းသပ်နိုင်အောင် Link 
ပါ ထည့်ပေးလိုက်တယ် ကျနော်တော့ စမ်းပြီး ပြီ 100% အိုကေ

မူရင်း

ဒီတစ်ခါတော့ Call Screen HD ဆိုတဲ့ Android Application လေးတင်ပေးလိုက်ပါတယ်


ဒီတစ်ခါတော့ Call Screen HD ဆိုတဲ့ Android Application လေးတင်ပေးလိုက်ပါတယ်ဗျာ။ နောက်ဆုံးထွက် Version အသစ်လေးပါဘဲ။ ဒီကောင်လေးကဘာတွေလုပ်ပေးနိုင်သလည်းဆိုရင် ဖုန်းခေါ်ရင်ဘဲဖြစ်ဖြစ် ဖုန်းပြောရင်ဘဲဖြစ်ဖြစ် တစ်ဖက်လူရဲ့ ပုံကို Screen ပေါ်မှာ အပြည့်ပေါ်စေမှာဖြစ်ပါတယ်ဗျာ။ တစ်ဖက်လူရဲ့ ပုံကိုတော့ Contact မှာထည့်ပေးထားဖို့လိုပါတယ်ဗျာ။ နောက်ပြီး ဖုန်းလက်ခံတဲ့အခါမှာ နှိပ်တဲ့ Answer နဲ့ End ကိုလည်း စတိုင်ပြောင်းပြီး ထားနိုင်ပါသေးတယ်။ ဒါ့အပြင် Call Block Feature ကိုပါထည့်သွင်းထားပါ တယ်ဗျာ။ ဒါတင်ဘဲလားဆိုတော့ မကသေးပါဘူး Phone Call နဲ့ပတ်သက်ပြီး အခြားသော Feature များစွာ ကို အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။ အသေးစိတ်ရေးပေးထားပါတယ်နော်။ နမူနာကြည့်နိုင်အောင် Screen Shoot တွေကို အောက်မှာရိုက်ပြထားပါတယ်ဗျာ။ဒါဆိုရင် Contact တွေကို ကန့်သတ်ချက်မရှိထည့်သွင်းနိုင်ပြီဖြစ်ပါ တယ်ဗျာ။ဒီကောင်းလေး၏ဖိုင်းဆိုဒ်တော့6MB ရှိပြီး Android OS 2.3 အထက်ရှိဖုန်းများသုံးနိုင်ပါတယ်။
http://learningenglishyou.blogspot.com/2016/04/full-screen-application-for-android.html
မူရင်း
https://www.facebook.com/ChanNyein.MW/photos/a.823560157749980.1073741828.822691041170225/892591544180174/?type=3&theater

Viber CP ကွန်ပျူတာ အတွက်ပါ.


Viber ဆိုရင်တော့ လူတိုင်းရင်းနှီးပြီးသားဖြစ်တဲ့အတွက် အထူး မိတ်ဆက်မနေတော့ပါ...။

 ဒါလေးကတော့
ကွန်ပျူတာ အတွက်ပါ..။ 
ဖိုင်ဆိုဒ်ကတော့ 8.1 MB ရှိပြီး Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုတဲ့ သူများ အောက်က Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။

ဒေါင်းရန် http://learningenglishyou.blogspot.com/2016/05/myanmar-font-for-vibers-pc.html

မူရင်း https://www.facebook.com/ChanNyein.MW/photos/a.823560157749980.1073741828.822691041170225/907672369338758/?type=3