Thursday, August 11, 2016

အာနိုး Arnold ကား

Sabotage (2014)


ဒီတစ်ခါတော့ အက်ရှင်၊ဒရမ်မာ ပရိတ်သတ် အကြိုက် ဇာတ်ကားကောင်း တစ်ကားဖြစ်လာမည့် Sabotage ဆိုတဲ့ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကို မင်းသားကြီး Arnold Schwarzenegger က အဓိကပါဝင်သရုပ်ဆောင်ထားသလို Avatar မင်းသား Sam Worthington နဲ့ Iron Man 1 နဲ့ Prisoners ဇာတ်ကား မှာ ပါဝင်တဲ့ Terrence Howard တို့ က အားဖြည့်သရုပ်ဆောင်ထားပါတယ်။

ဒီကားမှာ မင်းသား Arnold ကို တစ်ခြားဘယ်ကားနဲ့မှ မတူတဲ့ ဇာတ်ကောင်မျိုးနဲ့တွေ့ရပါတယ်။ ဒီကားမှာ Arnold က DEA (Drug Enforcement Agency) Agent တစ်ဦးဖြစ်ပြီး အဖွဲ့ခေါင်းဆောင် တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပါတယ်။ တစ်နေ့မှာ သူတို့ အဖွဲ့က ဘိန်းဖြူဂိုဏ်းကို ၀င်ဖမ်းရင်းနဲ့ ဘိန်းနဲ့အတူ ပိုက်ဆံတွေ သန်းပေါင်းများစွာဖမ်းမိပါတယ်။ ဇာတ်လမ်းရဲ့အလှည့်အပြောင်းအနေနဲ့ ဒီသက်သေခံပိုက်ဆံထဲက တစ်ချို့ပျောက်နေသလို လူဆိုးတွေကလည်း သူ့အဖွဲ့သားတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်သတ်နေပါတယ်။

သူတို့အဖွဲ့မှာ သစ္စာဖောက်တစ်ယောက် ရှိနေပြီး အချင်းချင်း ယုံကြည်မှုတွေ ပျောက်ကုန်ပါတယ်။ ဒါကို Arnold အနေနဲ့ ဘယ်လို ဖြေရှင်းမလည်း ဘိန်းရာဇာတွေနဲ့ ဘယ်လို ရင်ဆိုင်မလည်းဆိုတာကို Action သီးသန့်မဟုတ်ပဲ Drama နဲ့ရောထားပြီး ရိုက်ကူး ထားပါတယ်။

ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။ Arnold ပရိတ်သတ်တွေ အကြိုက်တွေ့ဦးမှာပါ..။
ရုပ်ရှင်အညွှန်း

IMDB 5.7 ရထားတဲ့ဇာတ်ကားဟာ 1h:49mins ကြာမြင့်ပါတယ်။ 499 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။
https://my.pcloud.com/#page=filemanager&folder=0&file=f1351845204


http://www.flim2mm.com/search/label/Hollywood

No comments:

Post a Comment