Saturday, March 12, 2016

Mojin-The Lost Legend(2015) မြန်မာစာတန်းထိုး

Mojin-The Lost Legend(2015) မြန်မာစာတန်းထိုး

   Mojin-The Lost Legend(2015) မြန်မာစာတန်းထိုး 

ဒီတခါတောင်းဆိုထားကြတဲ့တရုတ် Action, Horror ကားဖြစ်တဲ့
Mojin-The Lost Legend ဆိုတဲ့ကားကိုတင်ပေးလိုက်ပါတယ်
ဒီကားရဲ့ မူရင်းခေါင်းစဉ်က The Ghouls ပါ
လွန်ခဲ့သောနှစ်ပေါင်းထောင်ချီက တရုတ်ပြည်ဟာစစ်ပွဲအတွင်းမှာ
တိုင်းပြည်အပိုင်း ၃ ပိုင်းကွဲသွားခဲ့ရတယ်
စစ်ပွဲကြောင့်အစားအစာလိုအပ်ချက်ကအဓိကဖြစ်ခဲ့ပါတယ်
ဒါနဲ့ပဲ မိုဂျင်းရှောင်ဝီ ဆိုတဲ့အဖွဲ့တဖွဲ့ပေါ်လာခဲ့တယ်
မိုဂျင်းရှောင်ဝီအဖွဲ့ဆိုတာ သင်္ချိုင်းထဲကအုတ်ဂူတွေကိုဖောက်ပြီး
ရှေးဟောင်းရတနာပစ္စည်းတွေကိုခိုးယူတဲ့သူတွေဖြစ်ပါတယ်
မိုဂျင်းရှောင်ဝီတွေအတိအကျလိုက်နာရမယ့် 

စည်းကမ်းတခုရှိပါတယ်
အခေါင်းကိုမဖွင့်ခင်အရှေ့တောင်ဘက်ထောင့်မှာ ဖယောင်းတိုင်
တတိုင်ကိုထွန်းရမယ် တကယ်လို့ ဖယောင်းတိုင်မီးသာငြိမ်းသွားရင်
မိုဂျင်းတွေကရတနာတွေကိုထားခဲ့ပြီး ဒီအုတ်ဂူကနေပြန်လှည့်
သွားရလိမ့်မယ် ဒီလိုမှမဟုတ်ရင် ရုတ်တရက်   
 ကံဆိုးမှုကြီးတခုဖြစ်သွားလိမ့်မယ်
ဒီကားထဲမှာ မိုဂျင်းရှောင်ဝီများကတော့ 
ဟူဘင်ရီအဖြစ်မင်းသား (ChenKun)
ဝမ်ခိုင်ယွမ်အဖြစ်မင်းသား(HuangBo)နဲ့ ရှောင်လီရန်အဖြစ်
နာမည်ကြီးမင်းသမီး(Shu Qi)တို့က 
အဓိကပါဝင်သရုပ်ဆောင်ထား ပါတယ်
ဒီဇာတ်လမ်းထဲမှာ ဟူဘင်ရီနဲ့ဝမ်ခိုင်ယွမ်တို့ဟာ လွန်ခဲ့တဲ့
နှစ်ပေါင်း ၂၀က သူတို့တိတ်တခိုးချစ်ရတဲ့ ဒင်စီရန်(Angelababy) နဲ့အတူတူ အဖွဲ့လိုက်ရှာဖွေရေးခရီးထွက်ကြရင်း
ကန့်သတ်နယ်မြေတခုကိုရောက်ရှိသွားခဲ့ပါတယ်...အဲဒီနေရာမှာ
ရုပ်ထုကြီးများစွာကိုတွေ့တဲ့အခါဖျက်ဆီးပစ်ကြပါတယ် အဲဒီလို
ဖျက်ဆီးပစ်လိုက်တဲ့အတွက် ရရှိလာတဲ့နောက်ဆက်တွဲများကိုတော့
ဆက်လက်ပြီးရင်တထိတ်ထိတ်နဲ့ရှူစားကြည့်ကြပါ
 

 ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် 
  
 တိုက်ရိုက်ကြည့်ရန်နှင့်ဒေါင်းရန် pCloud လင့်


Download 480p 500 MB 

Download 720p 1.2 GB



အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
http://channyeinmw.blogspot.com/

No comments:

Post a Comment