Thursday, August 18, 2016

Cellular Transpoter Jason Statham

Cellular (2004) မြန်မာစာတန်းထိုး
အန်းဒရိုက် ဖုန်းများမ ပေါ် သေးမှီ လွန် လေပြီး သောအတိတ် ကာလတစ် ခု သောအခါ၌ ဆယ် လူလာဆို သောမိုလဗိုင်းလ် ဖုန်းများ ကြီးစိုးမင်းမူ နေ သောအချိန် ဗမာပြည် မှပြည် သူပြည် သားများ JXDဆို သော တလုတ် နိုင် ငံထုပ် Mp4 ကိုကိုင် နိုင် ရုံမျှဖြင့်  အ ကောင် ဖြစ် နေ သည့်  တစ် ခု သောကာလ၌ အနှီဆယ်လူလာကားသည် ကား ကျွန် နုပ် တို့ တန်းတန်းစွဲ ခေတ် စားခဲ့သည် ဆိုသတတ်
၎င်းဆယ်လူလာ ဇာတ် ကားသည် ကား ` 2004 ခုနှစ် မှာ ရုံတင် ခဲ့တဲ့ သည် ဇာတ် ကားဟာ IMDb 6.5 ရှိခဲ့ပါတယ် action . crime နဲ့ thriller အမျိုးအစားဖြစ် ပြီး ကျ နော် တို့ အရမ်းကြိုက် ခဲ့ရတဲ့ Transpoter မင်းသားကြီး Jason Statham ဟာဗီလိန် နေရာက နေသရုပ် ဆောင် ထားပါတယ် ခု နောက် ပိုင်း captain america ဇာတ် လမ်းနဲ့ နာမည် ကြီးလူသိများလာခဲ့တဲ့ မင်းသား ချော Chris Evans ဟာ မင်းသား နေရာက နေ သရုပ် ဆောင် ထားခဲ့ပါတယ် ဇာတ် လမ်း အကျဉ်းကို ပြေားရရင် တော့ ဘာမှန်းမသိရပဲ ပြန် ပေးဆွဲတာကိုခံလိုက် ရတဲ့ ကျောင်းဆရာမတစ် ယောက် ဘဝကိုဘာအပူအပင် မှမရှိပဲ ပေါ့ ပေါ့ပါးပါးဖြတ် သန်း နေခ့တဲ့ လူငယ် လေးတစ် ယောက် ရောင်း ချရမယ့်  တိုက် ခန်း နေရာကို ဗီဒီယိုရိုက် ကူး နေရင်း မှားယွင်းတဲ့အဖြစ် အပျက် တစ် ခုကို မှတ် တမ်းတင် မိသွားခဲ့ အိမ် ခြံ မြေအကျိုး ဆောင် အိမ် ထောင် ဦးစီးတစ် ယောက် ၂၇ နှစ် ကြာ တာဝန် ထမ်း ဆောင် ခဲ့ရလို့အလုပ် ကို ညီး ငွေ့ နေပြီးအညိမ်းစားယူ တော့မယ့်  ရဲအရာ ရှိတစ် ယောက် နေရာ ပေါင်းစုံ မတူညီတဲ့လူ ပေါင်းစုံတို့နဲ့ ဖွဲ့စည်းလိုက် တဲ့အခါမှာ တော့ Cellular ဆိုတဲ့ဇာတ် ကားဖြစ် ပေါ်လာခဲ့ပါတယ်
ကြည့် ဖူးတဲ့သူ တွေပြန် ကြည့် ချင် ကြမှာကျိန်း သေသလို မကြည့် ရ သေးသူ တွေလဲ လက် မလွှတ် သင့် တဲ့ ဇာတ် ကား ကောင်းတစ် ခုပါ´
ဒီလင့်ကနေ ဒေါင်းပါ>>>>https://my.pcloud.com/#page=filemanager&folder=0&file=f1376649549
မူရင်း
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ MIn Thet Oo ပဲ ဖြစ်ပါတယ်)

Thursday, August 11, 2016

Jason Statham

Wild Card (2015)


နံမည်ကြီး Las Vagas မြို့ လောင်းကစားလောကမှာ ကျင်လည်နေထိုင်သူ နခ် ( Nick Wild) လောလောဆယ် မှာတော့ ကိုယ်တိုင်ကြိုးစားပြီး ချမ်းသာလာတဲ့ ဆိုင်းရပ်စ် (Cyrus Kinnick) ဆိုတဲ့ သူဌေးရဲ့ ကိုယ်ရံတော်ဖြစ်ပါတယ်။

တစ်ရက်တော့ ဟော်လီ (Holly) ဆိုတဲ့ အမျိုးသမီးက night club ကပြန်လာတဲ့ သူမကို ဘယ်သူမှန်းမသိတဲ့ လူ ၃ ယောက်က ရိုက်နှက်စော်ကားခဲ့တဲ့အတွက် အဲ့ဒီလူတွေကိုရှာပေးဖို့ နခ်ကို အလုပ်အပ်ပါတယ်။

 အဲ့ဒီ ကိစ္စမှာ အဓိကတရားခံက လူဆိုးခေါင်းဆောင် ဒီမာကို (Demarco) ဖြစ်ကြောင်း နခ် ရှာတွေ့သွားတဲ့အခါ ဒီမာကို နဲ့တွေ့ဖို့ သူနေထိုင်တဲ့ ဟော်တယ်ကို သွားခဲ့ပါတယ်။ သူ့ကို တိုက်ခိုက်တဲ့ ဒီမာကိုရဲ့ တပည့်တွေကို အနိုင်ယူပြီး ဒီမာကိုကို ကြိုးတုပ်ကာ ဟော်လီကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။ ဟော်လီရောက်လာတဲ့အခါ ဒီမာကိုက သူ့ကိုခွင့်လွှတ်ဖို့ တောင်းပန်တဲ့အတွက် မသတ်တော့ပဲ ဒေါ်လာ ၅သောင်းပဲ ယူခဲ့လိုက်ပါတယ်။ အဲ့ဒီနောက် ငွေကို နခ်နဲ့ တစ်ဝက်စီခွဲယူပြီး ဟော်လီက ဗေးဂတ်စ် မြို့ကို စွန့်ခွာသွားပါတယ်။


နခ်ကတော့ ဆိုင်းရပ်စ်နဲ့ အတူလောင်းကစားရုံတစ်ရုံကိုသွားကာ သူ့ဝေစုပိုက်ဆံတွေအားလုံး လောင်းကြေးထပ်လိုက်ရာ ဒေါ်လာ ၅သိန်းကျော် အနိုင်ရသွားပါတယ်။ လောင်းကစားတို့ ထုံးစံအတိုင်း လောဘမသတ်နိုင်တဲ့အတွက် နောက်တစ်ခါထပ်လောင်းတဲ့အခါ တစ်ချီထဲနဲ့ သူ့ငွေတွေအားလုံး ပြန်ပြီးပေးလိုက်ရပါတော့တယ် ။


လောင်းကစားရုံမှအပြန် နခ်က ဒီမာကိုရဲ့ လူတွေရဲ့ တိုက်ခိုက်ခြင်းကိုခံရပြန်ပါတယ်။ နောက်နေ့မှာတော့ နခ်က ဗေးဂတ်စ်မြို့ရဲ့ မာဖီးယားခေါင်းဆောင် ဘေဘီ (baby) နဲ့ တွေ့ပါတယ်။ လူဆိုးဂိုဏ်းတွေရဲ့ အစည်းအဝေးမှာ နခ်က လောင်းကစားမှာငွေလိုတဲ့အတွက် သူ့လူတွေကို သတ်ပြီး ငွေတွေယူသွားကြောင်း ဒီမာကိုက ဘေဘီကို တိုင်ပြောပါတယ်။ အဲ့ဒါကြောင့် နခ်က ဒီမာကိုပြောသလိုမဟုတ်ပဲ အပြစ်မရှိကြောင်း အကြောင်းစုံရှင်းပြပေမယ့် သက်သေမပြနိုင်ရင် နခ်ကို သတ်မှာဖြစ်ကြောင်း ခြိမ်းခြောက်ပါတယ်။ ဒါပေမယ့် ဒီမာကိုရဲ့ အလိမ်ပေါ်သွားတဲ့အတွက် ဘေဘီက နခ်ကို လွှတ်ပေးလိုက်ပါတယ်။


 အမှန်တရားဘက်တော်သား လောင်းကစားသမား နခ်ရဲ့ မဝေးတော့တဲ့အနာဂတ်ဟာ ကြမ္မာဆိုးလား ကံကောင်းခြင်းလားဆိုတာကိုတော့  ဆက်လက်ခံစားကြည့်ကြပါ။

IMDB 6.0 ရရှိထားပြီး ၂၀၁၅ နှစ်အစမှာ ပွဲဦးထွက်ရုံတင်လာတဲ့ ဒီဇာတ်ကားက ဂျေဆန်ကိုကြိုက်တဲ့ ၊ အက်ရှင်ဇာတ်ကြမ်းကိုကြိုက်တဲ့ ပရိတ်သတ်အတွက်ဆိုရင်တော့ John Wick ပြီးရင် နောက်ထပ်ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားပါပဲ ။

သရုပ်ဆောင်တွေကတော့

နခ်အဖြစ် The Transporter ၊ The Italian Job, The Expendables ဇာတ်လမ်းတွဲတွေနဲ့ ကျော်ကြားတဲ့ အက်ရှင်မင်းသားချော ဂျေဆန် (Jason Statham)
ဆိုင်းရပ်စ်အဖြစ် မင်းသားချော မိုက်ကယ် (Michael Angarano)
ဟော်လီ အဖြစ် စွဲဆောင်မှုအပြည့်နဲ့ မင်းသမီးချော ဒေါ်မနစ် (Dominik Garcia-Lorido)
ဒီမာကို အဖြစ် မိုင်လို (Milo Ventimiglia)
ဘေဘီအဖြစ် စတန်လေ (Stanley Tucci) နဲ့ တခြားသရုပ်များစွာပါဝင်ပြီး Con Air, The Expendables နဲ့ Tom Rider စတဲ့ ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ ဆိုင်မွန် ( Simon West) ကရိုက်ကူးထားတာပါ။

ရုပ်ရှင်အညွှန်း - MMMovieGuide

1h:32 မိနစ်ရှည်တဲ့ဇာတ်လမ်းကို  354 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းလုပ်ရယူနိုင်ပါပြီ။
https://my.pcloud.com/#page=filemanager&folder=0&file=f1351843509

http://www.flim2mm.com/search/label/Hollywood

အာနိုး Arnold ကား

Sabotage (2014)


ဒီတစ်ခါတော့ အက်ရှင်၊ဒရမ်မာ ပရိတ်သတ် အကြိုက် ဇာတ်ကားကောင်း တစ်ကားဖြစ်လာမည့် Sabotage ဆိုတဲ့ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကို မင်းသားကြီး Arnold Schwarzenegger က အဓိကပါဝင်သရုပ်ဆောင်ထားသလို Avatar မင်းသား Sam Worthington နဲ့ Iron Man 1 နဲ့ Prisoners ဇာတ်ကား မှာ ပါဝင်တဲ့ Terrence Howard တို့ က အားဖြည့်သရုပ်ဆောင်ထားပါတယ်။

ဒီကားမှာ မင်းသား Arnold ကို တစ်ခြားဘယ်ကားနဲ့မှ မတူတဲ့ ဇာတ်ကောင်မျိုးနဲ့တွေ့ရပါတယ်။ ဒီကားမှာ Arnold က DEA (Drug Enforcement Agency) Agent တစ်ဦးဖြစ်ပြီး အဖွဲ့ခေါင်းဆောင် တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပါတယ်။ တစ်နေ့မှာ သူတို့ အဖွဲ့က ဘိန်းဖြူဂိုဏ်းကို ၀င်ဖမ်းရင်းနဲ့ ဘိန်းနဲ့အတူ ပိုက်ဆံတွေ သန်းပေါင်းများစွာဖမ်းမိပါတယ်။ ဇာတ်လမ်းရဲ့အလှည့်အပြောင်းအနေနဲ့ ဒီသက်သေခံပိုက်ဆံထဲက တစ်ချို့ပျောက်နေသလို လူဆိုးတွေကလည်း သူ့အဖွဲ့သားတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်သတ်နေပါတယ်။

သူတို့အဖွဲ့မှာ သစ္စာဖောက်တစ်ယောက် ရှိနေပြီး အချင်းချင်း ယုံကြည်မှုတွေ ပျောက်ကုန်ပါတယ်။ ဒါကို Arnold အနေနဲ့ ဘယ်လို ဖြေရှင်းမလည်း ဘိန်းရာဇာတွေနဲ့ ဘယ်လို ရင်ဆိုင်မလည်းဆိုတာကို Action သီးသန့်မဟုတ်ပဲ Drama နဲ့ရောထားပြီး ရိုက်ကူး ထားပါတယ်။

ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။ Arnold ပရိတ်သတ်တွေ အကြိုက်တွေ့ဦးမှာပါ..။
ရုပ်ရှင်အညွှန်း

IMDB 5.7 ရထားတဲ့ဇာတ်ကားဟာ 1h:49mins ကြာမြင့်ပါတယ်။ 499 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။
https://my.pcloud.com/#page=filemanager&folder=0&file=f1351845204


http://www.flim2mm.com/search/label/Hollywood

ကိုရီးရားအချစ်ဇာတ်လမ်း 18 အောက်မကြည့်ရ

Plum Blossom (2000)


ဒီဇာတ်လမ်းကို မြန်မာနိုင်ငံက ကိုရီးရားပရိသတ်တွေ တော်တော်များများသိပါတယ်။

ဆယ်ကျော်သက်ကောင်လေးတွေအနေနဲ့ သူတို့ရဲဟိုမုန်းဓါတ်ကို တည်ငြိမ်အောင်ထိမ်းဖို့ဆိုတာ သိပ်တော့မလွယ်ကူပါဘူး။ အထက်တန်းကျောင်းသားဖြစ်တဲ့ ဂျယို နဲ့ သူ့ရဲ့အတန်းဖေါ်ဖြစ်တဲ့ ဟာရာနဲ့အတူ လူပျိုရည်အပျိုရည်ဘဝကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ပြီး မကြာခဏဆိုသလို အချစ်နယ်ကျွံကြပါတယ်။ နောက်ပိုင်း ဂျယိုဟာ ဟာရာကို လျစ်လျူရှုပြီးနောက်ပိုင် ခံစားချက်တွေကြီးမားလာတဲ့ ဟာရာဟာ မိမိကိုယ်မိမိ သေကြောင်းကြံစည်ခဲ့ပါတယ်။ ဟာရာသေဆုံးပြီးနောက်ပိုင်မှာ ဂျယိုဟာ အချစ်မပါတဲ့ ကာမကိစ္စတွေမှာပဲ ဘဝကိုနှစ်မြှုပ်ထားပါတော့တယ်။ နောက်ဆုံး ချစ်စရာကောင်းတဲ့ နာစ့်မလေးတဦးနေ့တွေ့တဲ့အခါမှတော့..
ဂျယိုရဲ့ သူငယ်ချင်းကလည်း သူ့အတန်းမှာ စာသင်တဲ့ဆရာမကို မဖုံးနိုင်မဖိနိုင်ကြိုက်နေရာကနေ ဆရာမကဘယ်လိုတုန့်ပြန်မလည်းဆိုတာကိုလည်း... 
ကဲအမြည်းဖတ်ပြီးပြီဆိုရင်တော့ ဒီဇာတ်ကားဟာ လူတိုင်းကြည့်ဖို့မသင့်ပါဘူးဆိုတာသိသာနေပါပြီ။ ဒါကြောင့်ကြည့်သင့်တဲ့သူပဲ 470MB နဲ့ ဒေါင်းပြီးကြည့်ကြပါလို့ ...


ဒီဇာတ်လမ်းနဲ့အတူ Erotic  ဆိုတဲ့ ကဏ္ဍ ကို ထပ်မံဖြည့်ဆည်းလိုက်ပါကြောင်း..



အက်ရှင်မင်းသားကြီး Bruce Willis ရဲ့ 2016 အက်ရှင်ဇာတ်ကြမ်းကို တင်ပေးလိုက်ပါတယ်။

Marauders (2016)


အက်ရှင်မင်းသားကြီး Bruce Willis ရဲ့ 2016 အက်ရှင်ဇာတ်ကြမ်းကို တင်ပေးလိုက်ပါတယ်။
ဇာတ်လမ်း အကျဉ်းလေးကတော့ ဘဏ်တခုကို ဓါးပြတိုက်မှုတစ်ခုကနေစတင်ထားပြီး
ဓါးပြမှုမှာ ကျန်ရှိခဲ့တဲ့ သဲလွန်စတွေအကုန်လုံးက ဘဏ်ပိုင်ရှင်နဲ့ သူ့ရဲ့ ပါတနာဖောက်သည်ကို ညွှန်ပြနေမှုကြောင့် FBI က မသင်္ကာဘဲ လိုက်လံစုံစမ်းရာမှ ဘယ်လို အရှုပ်တော်ပုံတွေ   ပေါ်ပေါက်လာလေမလဲ ဆိုတာကိုတော့ ပရိတ်သတ်ကြီးကဘဲ ကြည့်ရှူလိုက်ကြပါတော့ခင်ဗျာ။

IMDB 5.4 ရရှိနေဆဲ အက်ရှင်ဇာတ်ကြမ်းဟာ 1h:47mins ကြာမြင့်ပါတယ်။ 482 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

https://my.pcloud.com/publink/show?code=XZhwIuZ2hdmH5MbaDFqGElNU9FsEQtN7W3y
http://www.flim2mm.com/2016/07/marauders-2016.html







Monday, August 8, 2016

သိပ္ပံဇာတ်ကား

Independants Day (2016)
***********************************
ကဲဒီနေ့တော့ ပရိတ်သတ်ကြီး မပျင်းရလေအောင် နော်ကထပ် မတူညီတဲ့
ကားလေးတကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ် ဗျာ
ဒီကားလေးကတော့ Si Fi ပရိတ်သတ်တွေ အထူးကြိုက်နှ်စ်သက်မယ်
ကားလေး ပါ ကဲ ကောင်းမကောင်းကတော့ မညွှန်းတော့ပါဘူး အမြန်သာ
ဒေါင်းယူကြည့်လိုက်ပါတော့ 

https://my.pcloud.com/#page=filemanager&folder=103804991&file=f1339898737

Sunday, August 7, 2016

ဇွန်ဘီပုရိသတ်တွေအတွက် ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ အက်ရှင်ကားကောင်းလေးပါ Horror,Thriller

dead_rising_watchtower_ver3_xlg
ဇွန်ဘီပုရိသတ်တွေအတွက် ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ အက်ရှင်ကားကောင်းလေးပါ Horror,Thriller ကားတွေက Rating နည်းလေ့နည်းထ ရှိပေမဲ့ ဒီကားက 5.2 ရထားပါတယ်
ဒီဇာတ်ကားက နဲနဲလေးနိုင်ငံရေးနဲ့လည်းဆက်နွယ်နေတယ်… သတင်းထောက်သမားနှစ်ဦး ကအမေရိကန်မှာ ပြန်ဦးမော့လာတဲ့ဇွန်ဘီပိုး နဲ့ပက်သက်ပြီး ဇာတ်လမ်း(သတင်း)ယူဖို့ရောက်သွားရာကနေ ဒုက္ခစက်ကွင်းထဲရောက်ရှိသွားပါတယ် တစ်ယောက်ကတော့ဘေးကင်းရာရောက်ရှိသွားပေမဲ့ ကျန်တစ်ယောက်ကတော့….ဇွန်ဘီတောထဲမှာ တလည်လည်နဲ့ ဘယ်လိုရုန်းထွက်မလဲ…. ဘေးကင်းရာကို ရောက်ရှိသွားတဲ့သူကရော တကယ်ဘေးကင်းလား ဆိုတာ..ပရိတ်သတ်ကြီး ကပဲဆက်ကြည့်လိုက်ပါတော့လို့ ပြောပါရစေ….။
https://my.pcloud.com/#page=filemanager&folder=103804991&file=f1339649366

https://my.pcloud.com/#page=filemanager&folder=103804991&file=f1339650987