Sunday, January 24, 2016

Predator(1987) မြန်မာစာတန်းထိုး

Predator(1987) မြန်မာစာတန်းထိုး


ဒီဇတ်ကားကတော့မင်းသားကြီးအားနိးရဲ့
ငယ်ငယ်တုန်းကကျော်ကြားခဲ့တဲ့ဇတ်ကားတစ်ကားပါ
ကျွန်တော်အရမ်းကြိုက်ခဲ့တဲ့ဇတ်ကားတစ်ကားပါ
ဇတ်လမ်းကတော့မင်းသားကြီးအာနိးနဲ့သူရဲ့အဖွဲ့တို့လူသားနီးပါးအသိဥာဏ်ရှိတဲ့
ရက်စက်ကြမ်းကြုတ်တဲ့ဂြိုလ်သားတစ်ကောင်နဲ့တိုက်ပွဲဝင်ပုံကို စိတ်ဝင်းစားဖွယ်ရိုက်ကူးထားတာပါ
တောတွင်းစွန့်စားမှုတွေမင်းသားကြီးရဲ့
သရုပ်ဆောင်ကောင်းမှုတွေကြောင့်
လက်မလွတ်သင့်တဲ့ဇတ်ကားတစ်ကားလို့ပြောပါရစေ

File Size         : 915 MB
Quality           : Blu ray 720P
Running Time : 1hr 47 minute
Format           : Mp4
Genre             : Action, Horror, Sci-fi
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

https://my.pcloud.com/publink/show?code=XZT0iRZfT634S8SglBJJ4pjjrH8i4YrsSW7
Download And watch Pcloud Link Small File Size
https://my.pcloud.com/publink/show?code=XZY0iRZP1WMeeOuX3V3Tb1d3znKCJSUIQQX
 (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ CM ပရိသတ် ကို Soe Htwe ပဲ ဖြစ်ပါတယ်)

Rob-B-Hood(2006) မြန်မာစာတန်းထိုး

Rob-B-Hood(2006) မြန်မာစာတန်းထိုး


ဂျက်ကီချန်းရဲ့ အောင်မြင်တဲ့ကားတွေထဲက တစ်ကားဆိုလည်းမမှားပါဘူး..
ဂျက်ကီချန်းရဲ့ကားတွေထုံးစံအတိုင်း အက်ရှင်ခန်းတွေဝေဝေဆာဆာနဲ့
ကြည့်ရင်းနဲ့လည်း ရယ်ရတဲ့အခိုက်အတန့်ဖြစ်လာရသလို သံယောဇဉ်ဆိုတာ ဖြတ်တောက်ဖို့မလွယ်ဘူးဆိုတာကို
ကလေးတယောက်ကို ချစ်တဲ့ သူခိုးကြီး၂ယောက်အသွင် သရုပ်ဆောင်ပြသွားပါတယ်..
.
Thongs (ဂျက်ကီချန်း)နဲ့ Octopus(Louis Koo)တို့က Professional သူခိုးတွေပါ... ဒါမေယ့် သူတို့သူခိုးမှာလည်း ထားတဲ့ သစ္စာဆိုတာရှိပါတယ်... သူခိုးပေမဲ့ လူမသတ်ဘူး.. သူများသားမယားမဖျက်စီးဘူး. .ပြီးတော့ သက်မဲ့ပစ္စည်းပဲ ခိုးကြတာပေါ့ ..
.
တစ်နေ့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူတို့၂ယောက် နူးညံ့တဲ့ကလေးတယောက်ကို ရုတ်တရက်ကြီး ပြန်ပေးဆွဲဖြစ်သွားတဲ့ အခါ.........
.
သံယောဇဉ်နဲ့မေတ္တတရားရယ်လို့ မသိခဲ့တဲ့ လူကြမ်းကြီးနှစ်ယောက် လသားအရွယ်ကလေးလေးကိုထိန်းရင်း ဘယ်လိုဒုက္ခရောက်ခဲ့ရတယ်ဆိုတာကို ဟာသနှောပြီး ရိုက်ပြထားသလို ... ကလေးလေးနဲ့ ခွဲရမယ့်အခါမှာလဲ မျက်ရည်လည်လောက်အောင် ဇာတ်လမ်းဆင်ပေးထားပါတယ်..
.
IMDb rating 6.7 ရရှိထားပြီး 2006 ခုနှစ်ရဲ့ Chinese Box Office မှာ ထိပ်ဆုံးအဆင့်ကရပ်တည်ခဲ့တဲ့ကားဖြစ်ပါတယ်…

File Size         : 1 GB
Quality           : Blu ray 720P
Running Time : 2hr 16 minute
Format           : Mp4
Genre             : Action, Drama, Comdey
Encoder         : Joker.phs

Download And watch With Pcloud Link Full HD
https://my.pcloud.com/publink/show?code=XZvD5LZSNsAdiBOfzmDKOTE58GzYjLm2vx7
Download And watch Pcloud Link Small File Size
https://my.pcloud.com/publink/show?code=XZED5LZTrB1u7ORzL4xTFXWTYlSV08PPqYy
(ဘာသာပြန်သူကတော့ ညီသံလွင်ဖြစ်ပြီး အညွန်းရေးသူကတော့ Su Myat Htikeပဲ ဖြစ်ပါတယ်)

The Medallion(2003) မြန်မာစာတန်းထိုး

The Medallion(2003) မြန်မာစာတန်းထိုး



ဒီဇတ်ကားလေးကတော့ကျွန်တော်ရဲ့
စတုတ္ထမြောက်ဘာသာပြန်ကားလေးဖြစ်
သလိုကျွန်တော့်ဘဝအတွက်အမှတ်တရ
ကားလေးဆိုရင်လည်းမမှားပါဘူး

အဲကားစထွက်တုန်း
ကမှတ်မိပါသေးတယ်ဒီဗီဒီစက်တွေကလည်းပေါ်ခါစ
အစ်မကထိုင်းကနေဝယ်ပို့လာခဲ့တာကလေးပဲရှိသေးတာ
အရမ်းကြိုက်တာပေါ့ဂျက်ကီချမ်းဆိုတာလည်းငယ်ငယ်တည်းကနေ
ခုထိခိုက်နေဆဲမင်းသားဒီဇတ်ကားကို
ကျွန်တော်မြန်မာစာတန်းထိုးနဲ့တစ်ခါမှမကြည့်ဖူးပါဘူး
အဲဒါနဲ့ပဲလုပ်ဖြစ်သွားတာပါကျွန်တော်က
translatorသမားအစစ်မဟုတ်တော့
တခါတလေဘာသာပြန်တဲ့နေရာမှာလွဲကောင်းလွဲနေနိင်ပါတယ်

ဒါပေမဲ့ဘာသာပြန်တဲ့နေရာမှာတချို့ စကားလုံးတွေကမြန်မာ
လိုပြန်စီရာမှာအရမ်းခက်တဲ့အတွက်မြန်မာစာတန်းထိုး
ပရိတ်သတ်တွေနားလည်လွယ်အောင်ဖော်ပြထားပေးပါတယ်၁၀၀%
မှန်တယ်လို့မဆိုနိင်ပေမဲ့လည်း
၉၀တော့ကျော်မှာပါကျွန်တော်တို့ကျောင်းတက်နေတုန်း
ကတောင်၇၅%ဆိုစာမေးပွဲဖြေ
လို့ရတယ်ဆိုတော့၉၀ဆိုတော့မဆိုးပါဘူးနော်

ပရိတ်သတ်တကဲအညွန်းလေးစလိုက်ကြရအောင် ရှေးရှေးတုန်းကပုံပြင်လိုလို
တကယ်လိုလိုနဲ့လူပြောများခဲ့တဲ့သေဆုံးပြီးသား
လူသားတွေကိုထာဝရအသက်ရှင်စေနိင်တဲ့လည်ဆွဲပြားလေး
အဲဒီလည်ဆွဲပြားကိုပြန်အသက်ဝင်လာအောင်လုပ်ဆောင်ပေးမည့်
ကလေးငယ်တစ်ဉီးကလေးငယ်နဲ့လည်ဆွဲပြားလေးက
ိုပိုင်ဆိုင်နိင်အောင်နည်းအမျိုးမျိုးနှင့်ကြိုးစားမည့်မြွေခေါင်း
ဆိုသောရာဇဝင်လူဆိုးတစ်ဦးကလေးငယ်နဲ့လည်ဆွဲပြားလေးကို
မြွေခေါင်းရဲ့လက်ထဲကိုမရောက်အောင်
အက်ဒီဆိုတဲ့ရဲစုံထောက်ကဘယ်လိုကာကွယ်မလဲ
တကယ်ပဲလည်ဆွဲပြားလေးကအစွမ်းရှိသလား
စသဖြင့်ရသစုံလင်ကြည့်ရှုရပါမည်
ဂျက်ကီချမ်းရဲ့အက်ရှင်အလန်းများနဲ့ဟာသ
ဇတ်ကွက်များကြောင့်ပရိတ်သတ်တွေအကြို က်တွေ့စေရမယ်လို့အာမခံပါတယ်

File Size         : 700 MB
Quality           : Blu ray 720P
Running Time : 1hr 23 minute
Format           : Mp4
Genre             : Action, Comedy, Fantasy
Encoder         : Joker.phs


Download And watch With Pcloud Link Full HD
https://my.pcloud.com/publink/show?code=XZm9pLZHEDX70g2hTL1yjvnAibIr5vNN4JV
Download And watch Pcloud Link Small File Size
https://my.pcloud.com/publink/show?code=XZ29pLZxSrGqsy6R6JLoRD5baWe1kbcihCX

Mr. Vampire IV (1988) မြန်မာစာတန်းထိုး

Mr. Vampire IV (1988) မြန်မာစာတန်းထိုး

1988 မှာ ထွက်ရှိခဲ့တဲ့ Mr. Vampire ရဲ့ လေးကားမြောက်ကိုတင်ဆက်ပေးလိုက်ပါတယ်..1984 မှာ
ထွက်ထားတဲ့ Mr.Vampire 1ကိုလည်း channelmyanmar မှာတင်ဆက်ပေးပြီးပြီပဲဖြစ်ပါတယ်..
1 , 2 , 3 , 4 ,5 ထွက်ရှိခဲ့ပေမယ့် ဇာတ်လမ်းတွေဟာ တစ်ကားနဲ့တစ်ကားဆက်စပ်မှုမရှိသလို
တစ်ကားလာတိုင်း အဓိကသရုပ်ဆောင်ကလွဲရင် ကျန်တာတွေပြောင်းသွားတာမို့ ဘယ်နေရာက
ဖောက်တင်တင်..ဖောက်ပြီးကြည့်ကြည့် အရသာလုံးဝပျက်မှာတော့မဟုတ်ပါဘူး..ဒါကြောင့်မို့
Mr Vampire 4 ကို တင်ပေးလိုက်ပါတယ်...

ဇာတ်လမ်းအကျဉ်း - ဟိုဘက်အိမ်မှာရှိတဲ့ဘုန်းတော်ကြီးနဲ့အိမ်နီးချင်း မှော်ဆရာတို့ဟာ တစ်ဦးနဲ့တစ်ဦး
လုံးဝမတည့်ကြပါဘူး..ဘုန်းတော်ကြီးမှာတော့ တပည့်မလေးတစ်ဦးရှိပြီး မှော်ဆရာမှာတော့ တပည့်
တစ်ဦးရှိပါတယ်..ဆရာ၂ယောက်ကလုံးဝမတည့်ပေမယ့် မှော်ဆရာရဲ့တပည့်ကတော့ ဘုန်းတော်ကြီး
ရဲ့တပည့်မလေးဖြစ်တဲ့ ချင်းချင်းကို သဘောကျနေပါတယ်..အချင်းချင်းပြိုင်ကြဆိုင်ကြ..နိပ်ကွပ်ကြနဲ့
ဟာသလေးတွေနှောပြီး ရိုက်ကူးထားပါတယ်..ဘယ်လောက်ပဲမတည့်ပါစေ..အန္တရာယ်ကိုရင်ဆိုင်လာတဲ့
အခါမှာတော့ အတူ ရင်ဆိုင် တိုက်ခိုက်ကြပါတယ်..

ကလေးဘ၀တုန်းက နှစ်ခြိုက်စွာကြည့်ခဲ့ရတဲ့ဇာတ်လမ်းလေးတွေ ပြန်ကြည့်ရမှာမို့သဘောကျမယ်လို့
ထင်ပါတယ်..မကြည့်ရသေးတဲ့သူတွေလည်းကြည့်ပါ..ပေါ့ပေါ့ပါးပါးအပျင်းပြေကြည့်ကောင်းသလို
အရမ်းလည်းရယ်ရတဲ့ဇာတ်ကားလေးတွေပါ..


Filesize : 513 MB

Quality : Bluray720p 

Format : mp4

Run Time : 1h 33 min

Subtitle : Myanmar Subtitle ( Hardsub )

Translated By LK

Encoded By LK


https://my.pcloud.com/publink/show?code=XZzgpLZ5MB2ICiPtpXPP4KzrnKTnLAM6sHV

Download And Watch With Pcloud Link 

Zombieland (2009) မြန်မာစာတန်းထိုး

Zombieland (2009) မြန်မာစာတန်းထိုး


Zombieland ဆိုတာကတော့ အကောင်းဆုံး Zombie ဇာတ်တွေထဲမှာ
ပါဝင်တဲ့ Zombie ဇာတ်လမ်း တစ်ခုပဲ ဖြစ်ပါတယ်
ကိုလမ်ဘတ်(စ်) လို့ ခေါ်တဲ့ လူငယ်လေးတစ်ယောက်ဟာ
သူအသက်ရှင်နေထိုင်နိုင်ဖို့ အတွက် သူကိုယ်တိုင်ထုတ်ထားတဲ့
စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာပြီး Zombie တွေသာ
ကျန်ရှိတော့တဲ့ တိုင်းပြည်မှာ ရှင်သန်နေထိုင်လျှက်ရှိပါတယ်

အမေရိကန်ပြည်မှာ ရောဂါပိုး ကူးစက်ခံရတာကနေတစ်ဆင့်
လူတွေအားလုံးဟာ ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားကြပါတယ်
ဒီအချိန်မှာတော့ လူငယ်လေးကိုလမ်ဘတ်(စ်)တစ်ယောက် သူ့ ရဲ့ 
စည်းမျဉ်းစည်းကမ်းတွေနဲ့ အတူ ဆက်လက်ရှင်သန်နိုင်ခဲ့ပါတယ်
တစ်နေ့ မှာတော့ သူ့ လိုပဲ အသက်ရှင်ကျန်ရစ်တဲ့ တယ်လာဟေဆီ ဆိုတဲ့
ဖုတ်ကောင်တွေသတ်ရာမှာ အလွန်ကျွမ်းကျင်တဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့ ခဲ့ပြီး
အိုဟိုင်းရိုး ပြည်နယ်ကို ခရီးဆက်ခဲ့ကြပါတယ်


ဒီလိုနဲ့  ခရီးဆက်ရင်း သူတို့ ဟာ ဈေးဝယ်စင်တာ တစ်ခုမှာ
လိုအပ်တဲ့ ရိက္ခာတွေ ဖြည့်တင်းရင်းကနေမှ အသက်ရှင်ကျန်ရစ်နေသေးတဲ့
 ညီအမနှစ်ဦးနဲ့ တွေ့ ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် အလိမ်ခံခဲ့ရပါတယ်
နောက်ပိုင်းမှာတော့ သူတို့ ၎ ယောက်ပေါင်းမိသွားကြပြီး
လိုရာခရီးကို ဆက်သွားခဲ့ကြတယ်



နောက်ပိုင်းမှာတော့ မျှော်လင့်ချက်မဲ့နေတဲ့ သူတို့ ၎ယောက်
ဖုတ်ကောင်တွေ မ၀င်ရောက်သေးဘူးလို့ သူတို့ ထင်နေခဲ့ကြတဲ့
ပစိဖိတ် ပေးလန်း(ဒ်) ကစားကွင်းကို သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်
ဒါပေမဲ့ သူတို့ ထင်ထားခဲ့သလိုတွေ မဖြစ်လာခဲ့ပဲ ဖုတ်ကောင်မြောက်မြားစွာနဲ့ 
ရင်ဆိုင်တိုက်ခိုက်ခဲ့ရတာတွေကို ရိုက်ကူးပုံဖော်ထားတဲ့
Zombie ဇာတ်ကားကောင်းတစ်ခု ဖြစ်တာကြောင့် ပရိသတ်များ
လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်


File Size         : 680 MB
Quality           : Blu ray 720P
Running Time : 1hr 23 minute
Format           : Mp4
Genre             : Adventure, Comedy, Horror
Encoder         : Joker.phs


Download And watch With Pcloud Link Full HD
https://my.pcloud.com/publink/show?code=XZFOzLZLywoWrldCizDj5ejCNT1UFRpIon7
Download And watch Pcloud Link Small File Size
https://my.pcloud.com/publink/show?code=XZQOzLZjF1hhy5yzxBhMoBM9HNkSX9tabHy
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Carey Nyeinပဲ ဖြစ်ပါတယ်)
You might also like:

Hotel Desire (2011) မြန်မာစာတန်းထိုး 21+++++

Hotel Desire (2011) မြန်မာစာတန်းထိုး 21+++++

18+ ဆိုရင် နည်းနေမှာစိုးလို့ 21+လို့ ရေးပါရစေ Erotic movie တကားအနေနဲ့ IMDb rating 5.8 ရဖို့ဆိုတာလည်းမလွယ်ကူလှပါဘူး ဇာတ်လမ်း အကျဉ်းကတော့ ဟိုတယ်ဝန်ထမ်းလည်းဖြစ် သား တယောက်လည်းရှိပြီးတော့ ယောက်ျားနဲ့လည်းကွဲနေတဲ့ အန်တိုနီရာဟာ အလုပ်အပေါ်မှာ အဆင်မပြေမှုတွေ ဖြစ်လာခဲ့တယ်... အဲ့ဒီကနေမှ ဟိုတယ်ဝန်ထမ်း သူငယ်ချင်းတယောက်က စိတ်ထွက်ပေါက်အနေနဲ့ ဟိုတယ်က ယောက်ျားတယောက်ယောက်နဲ့အိပ်ဖို့မြှောက်ပေးလာတယ် သူငယ်ချင်းရဲ့ မြှောက်ပေးစကားနဲ့ ဟိုတယ်မှာလာတည်းတဲ့ မင်းသား မျက်ကန်းလေးတယောက်ဟာတော့ အန်တိုနီရာရဲ့ တစာခံဖြစ်သွားရပါတော့တယ် ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာကို ဇာတ်ကားပေါ်မှာ ဆက်လက်ကြည့်ရှုကြပါ။ ဇာတ်ဝင်ခန်းတစ်ချို့က CMမှာ အရင်က တင်ဖူးတဲ့ Q Desireထက်ကြမ်းတာမို့ Ratingကို ၂၁++++  သတ်မှတ်ထားတယ်ဆိုတာ သတိပြုစေချင်ပါတယ်။

File Size         : 300 MB
Quality           : Blu ray 720P
Running Time : 38 minute
Format           : Mp4
Genre             :  Drama, Romance

Encoder         : Joker.phs
https://my.pcloud.com/publink/show?code=XZ87LLZrV3zcinbAo7ugGF85tbnNkRcTfX0

Download And watch With Pcloud Link Full HD

You might also like:

City Hunter (1993) မြန်မာစာတန်းထိုး

City Hunter (1993) မြန်မာစာတန်းထိုး

ဂျက်ကီချန်း Crazy တွေ ဒီကားသိမယ်လို့ထင်ပါတယ်.ကြည့်ဖူးတဲ့သူလည်းများမယ်ထင်ပါတယ်.
1993ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသ နဲ့အက်ရှင် တွဲဖက်ရိုက်
ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ငယ်ငယ်တုန်းက ကြိုက်နှစ်သက်ခဲ့တဲ့ဇာတ်ကားလေးမို့
ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်..

ဇာတ်လမ်းအကျဉ်း - မန်ပေါ နဲ့ ကီမူရာတို့ဟာ လုပ်ဖော်ကိုင်ဖက်စုံထောက်၂ဦးပါ..တစ်နေ့မှာ ကီမူရာဟာ တာဝန်တစ်ခုထမ်းဆောင်ရင်းနဲ့ သေဆုံးခါနီးမှာ မန်ပေါ ကို သူ့တူမလေးကိုအပ်ခဲ့ပါတယ်
သူ့တူမလေးနဲ့ မန်ပေါ တို့ ရဲ့ နောက်ပိုင်းဇာတ်လမ်းတွေကိုတော့ ဟာသနှောပြီးရိုက်ကူးထားပါတယ်
ဆက်လက်ကြည့်ရှုကြပါ

Filesize : 674 MB

Quality : Bluray720p 

Format : mp4

Run Time : 1h 39 min

Subtitle : Myanmar Subtitle ( Hardsub )

Translated By LK

Encoded By LK



Download And Watch With Pcloud Link 

https://my.pcloud.com/publink/show?code=XZDkLLZ6aAwhIesq90904YYXDW2i7nDQzcV

The Last Witch Hunter (2015) မြန်မာစာတန်းထိုး

The Last Witch Hunter (2015) မြန်မာစာတန်းထိုး

ဒါရိုက်တာBreck Eisner ကရိုက်ကူးပြီး Summit Entertainment မှဖြန့်ချိထားသည့်The Last Witch Hunter ဇာတ်ကားသည် နာမည်ကြီးသရုပ်ဆောင် Vin Diesel ခေါင်းဆောင်ပါဝင်ကာ Elijha Wood, Rose Leslie, Olafur Darri Olafsson, Julie Engelbrecht, Michael Caine စသည့် သရုပ်ဆောင် များပါဝင်ထားသော သဘာဝလွန်စွမ်းအင်နှင့် လူသားတို့အားပြိုင်သည့် ဇာတ်ကားတစ်ကားဖြစ်သည်။

နှစ်ပေါင်းများစွာ အောက်လမ်းစုန်းအတတ်ပညာရှင်များကို ရှင်းလင်း သုတ်သင်နေကြသည့် စုန်းမုဆိုး ခေါ် Witch Hunter များရှိနေကြသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အဆိုပါ စုန်းမုဆိုးများထဲမှ Kaulder ဆိုသူသည် ထူးချွန်သည့်စုန်းမုဆိုးသူရဲကောင်းတစ်ဦးဖြစ်ခဲ့ပြီး စုန်းဘုရင်မနှင့် နောက်လိုက် များကို အပြီးသတ်သုတ်သင်ရှင်းလင်းခဲ့သည်။ စုန်းဘုရင်မသည် မသေဆုံးနိုင် သည့် သူမ၏စွမ်းရည်များကို ကျိန်စာပြုလုပ်ပြီးKaulder နှင့်သူ၏မိသားစုကို နောင်ဘဝများတွင်Kaulder နှင့်ကွဲကွာစေရန်ကျိန်စာတိုက်ခဲ့သည်။

Kaulder သည် နှစ်ပေါင်းများစွာရှင်သန်ခဲ့ပြီး စုန်းပညာရှင်များကို သုတ်သင်ရှင်းလင်းနေခဲ့ သည်။ ထိုအတောအတွင်း သူ၏မိသားစု လူ့ဘဝပြန်ဖြစ်သည့်ကာလတွင် ဆုံတွေ့နိုင်ရန် ကြိုးစားလိုက်ရှာနေတော့သည်။ ၎င်းအချိန်တွင် စုန်းဘုရင်မသည် ပြန်လည်အသက်ဝင်ရှင်သန်လာခဲ့ပြီး Kaulder အားလက်စားချေရန် ကြိုးစားသည့်အခါတွင် လူသားမျိုးနွယ်များကို ဒုက္ခပေးနိုင်သည့် စုန်းဘုရင်မ နှင့်Kaulder တို့အကြား ကြီးမားသည့်စစ်ပွဲများဖြစ်ပွားလာရပုံကို ရိုက်ကူးတင် ဆက်ထားသော ဇာတ်ကားဖြစ်ပါသည်။
(ရုပ်ရှင်အညွှန်းကို www.moi.gov.mm မှကူးယူဖော်ပြပါသည်။)

ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကိုတော့ Tariq L Walker မှကိုယ်တိုင် ဘာသာပြန်ပေးထားတာပါ။ 

File size...(900MB)  
Quality...WEB-DL Rip 720p

Format...mp4
Duration....01:46:27
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung 

 
Download and Watch 720p HD (pCloud Link) 
https://my.pcloud.com/publink/show?code=XZ93LLZDLa2m7Rpw95RnSbf5m2cV7O0m2CX


Download and Watch 360p Small File Size(400MB)
https://my.pcloud.com/publink/show?code=XZLS8LZmHpOuztQgKH9ohkcWukOtXEFAKM7

  



နမူနာကြည့်ရန်

American Pie 7 : The Book of Love (2009) မြန်မာစာတန်းထိုး

American Pie 7 : The Book of Love (2009) မြန်မာစာတန်းထိုး

နာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(7)ဇာတ်ကားပါ။
အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။ 
American Pie ဇာတ်ကားအကုန်လုံးကို http://www.channelmyanmar.com/search?q=american+pie မှာ Download လုပ်လို့ရပါတယ်။  

File size...(800MB)  
Quality...HDTV-Rip 720p 

Format...mp4
Duration....01:33:34
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung
 
 
Download and Watch HD 720p (pCloud Link) 
https://my.pcloud.com/publink/show?code=XZMzYLZMdvsw32Wvg8yR3VJ6nvSxkKGnGRy

Download and Watch 360p Small File Size(300MB)
https://my.pcloud.com/publink/show?code=XZPzYLZlCN8LfWLXfLYo9MuhrUDPmbdVfRX
  

 နမူနာကြည့်ရန်

Born To Fight (2004) မြန်မာစာတန်းထိုး

Born To Fight (2004) မြန်မာစာတန်းထိုး



ဒီဇာတ်ကားလေးကတော့ကျွန်တော်ရဲ့
ပဉ္စမမြောက်ဘာသာပြန်ဇတ်ကားလေးပါ
အက်ရှင်ကားကောင်းကောင်းကို
မှကြိုက်တဲ့ပရိတ်သတ်တွေအကြိုက်တွေ့မယ့်ကားတစ်ကားပါပဲ

ကျွန်တော်ထိုင်းအက်ရှင်ကားတွေဆိုရင်(tonny jaa)ရယ်
ဒီမင်းသားရယ်ပါတဲ့ကားတွေကိုအကြိုက်ဆုံးပါပဲ
ထိုးသတ်မှုတွေကမာန်ပါသလိုတကယ့်ကိုအက်ရှင်ရသ
ပေးစွမ်းနိင်တဲ့ကားတွေဖြစ်လို့ပါပဲဒီ
ဇာတ်ကားလေးကတော့အက်ရှင်ဆိုပေမဲ့ဇတ်လမ်း
ဇာတ်ကွက်တွေလည်းပါတာကြောင့်ပရိတ်သတ်
တွေစိတ်ကျေနပ်မှုရစေမှာပါ

အညွန်းမရေးခင်ကျွန်တော်နည်းနည်းထပ်ဖြည့်ပေးပါရစေ
ဒီဇတ်ကားလေးမှာကျွန်တော်တွေ့ရသလောက်ကတော့
စည်းလုံးညီညွတ်မှုရယ်နိင်ငံတော်နဲ့နိင်ငံတော်သီချင်းကို
ချစ်မြတ်နိးတာကိုတွေ့ရပါတယ်

ကျွန်တော်တို့အလုပ်မှာဆိုရင်သူဌေးကတခါတလေလာရင် ဂျပန်နဲ့မြန်မာလူမျိုး
Communicationရစေအောင်ဆိုပြီး နိင်ငံတော်သီချင်းဆိုခိုင်းတတ်ပါတယ်
ကျွန်တော်တို့တွေကတော့ကိုယ့်နိင်ငံတော်သီချင်းကို
အကျယ်ကြီးဆိုကြတာပေါ့
ဆိုနေတဲ့အချိန်မှာကြက်သီးထလောက်အောင်ခံစားရပါတယ်
နိင်ငံခြားရောက်နေတဲ့လူတွေပိုသိမှာပါ

ဟိုတလောကကျွန်တော်facebookမှာ
ဖတ်လိုက်ရပါတယ်မြန်မာနိင်ငံမှာ
ရုပ်ရှင် မပြခင်နိင်ငံတော်သီချင်းဆိုတဲ့အချိန်မှာဆိုနေတဲ့လူတွေကို
အနောက်ကနေ ကဲ့ရဲ့တယ်ဆိုတဲ့သတင်းပါ
ဟုတ်မဟုတ်တော့မသိပါဘူး
ဒါပေမဲ့အဲလိုတော့ဘယ်လိုမှမဖြစ်သင့်ပါဘူး
ကျွန်တော်နိင်ငံတော်သီချင်းအကြောင်းပြောရင်း
မြန်မာဇတ်ကားတစ်ကားကိုသတိရမိပါတယ်
 တိုက်ပွဲခေါ်သံပါ အားလုံးလည်းသိမှာပါ
ဒါကြောင့်ကျွန်တော်ပြောချင်တာကနိင်ငံတော်သီချင်းကို
ကျွန်တော်တို့အားလုံးအလေးထားသီဆိုကြပါစို့လို့ပြောချင်ပါတယ်
အားလုံးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

ဇာတ်ကားအညွန်းကိုပြောရရင်တော့
နိင်ငံတော်ကဖမ်းဆီးထားတဲ့မှောင်ခိုရာဇာကြီး
တစ်ယောက်ကိုလက်အောက်ငယ်သားတွေက
နယ်စပ်ရွာကလေးကိုဓါးစားခံလုပ်ပြီးကယ်တင်ဖို
့ကြိုးစားတာကိုရိုက်ကူးထားတာပါ
နယ်စပ်ရွာကလေးကိုရောက်ရှိနေတဲ့
အားကစားသမားများနဲ့လူဆိုးတွေရင်ဆိုင်ပုံကို
သေသေသပ်သပ်ရိုက်ကူးထားတာပါ
ထိုင်နိင်ငံရဲ့နာမည်ကြီးလက်ဝှေ့သမားတွေ
တိုက်ကွမ်ဒိုသမားတွေ
အားကစားသမားစုံစုံညီညီပါဝင်ထားပါတယ် ဒေါင်းလော့ဆွဲပြီးကြည့်လိုက်ကြပါအုံး

File Size         : 720 MB
Quality           : Blu ray 720P
Running Time : 1hr 32 minute
Format           : Mp4
Genre             : Action, Drama, Crime
Encoder         : Joker.phs


Download And watch With Pcloud Link Full HD
https://my.pcloud.com/publink/show?code=XZS6jLZFjw4y3os2hf0EsBzIHrsjk5WD7sV
Download And watch Pcloud Link Small File Size
https://my.pcloud.com/publink/show?code=XZM6jLZyIBRBM94vMJXWKAnQD3DHmJsXB70
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို Soe Htwe (ခေတ္တ ဂျပန်) ပဲ ဖြစ်ပါတယ်)

Escape Plan (2013) မြန်မာစာတန်းထိုး

Escape Plan (2013) မြန်မာစာတန်းထိုး


Escape Plan (2013) မြန်မာစာတန်းထိုး 
ဒီဇာတ်ကားကိုအရင်ကတင်ပေးထားပြီးသားပါ
ကြည့်မရတော့ဘူးဆိုလို့ တောင်းဆိုထားကြတဲ့သူငယ်ချင်းတွေရှိလို့
ပြန်တင်ပေးလိုက်ပါတယ်
မကြည့်ဖြစ်သေးတဲ့ သူငယ်ချင်းတွေ
ကြည့်ရအောင် မြန်မာစာတန်းထိုးနဲ့ တင်ပေးလိုက်ပါတယ်..
ဇာတ်လမ်းကတော့ ထောင် ( ၁၄ ) ခုကို ဖောက်လာခဲ့တဲ့
ကြေးစားထောင်ဖောက်သမား Ray Breslin အဖြစ်သရုပ်ဆောင်တဲ့
မင်းသားကြီး Sylvester Stallone ဟာ
ကမ္ဘာအကြမ်းဖက်သမားစရင်းဝင် တွေကို ထိန်းသိမ်တဲ့
ထောင်ကို ရောက်သွားပါတယ်..
ထောင်ရဲ့ အခြေနေကတော့ sona ထက်အများကြီးကို ဆိုးပါတယ်..။
အကျဉ်းသားတိုင်း အချိန်မရွေးသေအောင် သတ်နိုင်တဲ့ လုံထိန်းတွေရဲ့
ရက်စက်ကြမ်းတမ်းမှု အကျဉ်းသားတွေကလည်း သေရဲ သတ်ရဲ လောက်အောင် စိတ်ရိုင်းတွေ ကြီးစိုးရာထောင်..
အဲဒီမှာ ဘဏ်ဖောက်ထွင်းဝိဇ္ဇာကြီး အဖြစ် အကျဉ်းကျနေတဲ့..
Rottmayer အဖြစ်သရုပ်ဆောင်တဲ့ မင်းသားကြီး
Arnold Schwarzenegger တွေ့ကြပါတယ်..
ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ကိုယ်တိုင်သာကြည်ြ့ပီး ခံစားကြည့်ပါ..
pCloud ကနေဖိုင်ဆိုဒ် အကြီး အသေး ၂ မျိုးနဲ့ တင်ပေးလိုက်ပါတယ်


Download 720p 1.2 GB 
 http://pc.cd/b107
https://my.pcloud.com/publink/show?code=b107

Download 360p 472 MB
 http://pc.cd/Bs07
                         https://my.pcloud.com/publink/show?code=Bs07


အဆင်မပြေတာ ရှိရင် စာရေးထားခဲ့ပါ..
အလည် ရောက်ခဲ့ရင် ကျနော့် ရဲ့ ချမ်းငြိမ်း-မှော်ဝန်း Pages လေးကို  
  Like ကလေးတချက်နှိပ်ပြီး အားပေးခဲ့ပါအုန်း.

Wolf Warrior (2015) မြန်မာစာတန်းထိုး

Wolf Warrior (2015) မြန်မာစာတန်းထိုး



  Wolf Warrior (2015) မြန်မာစာတန်းထိုး
 

Action, Drama, War အမျိုးအစားတဲ့ အပြင်းစား
စစ်ကားကောင်းတကားပါ..။
ဇာတ်လမ်းကတော့..
စနိုက်ပါသမားဖြစ်တဲ့ Leng Feng (မင်းသားWu Jing)ဟာ
ဝံပုလွေစစ်ဆင်ရေးအဖွဲ့မှာ သေနတ်ပစ်တော်တဲ့
စနိုက်ပါသမားတစ်ယောက်ပါ
မှောင်ခိုလူဆိုးဂိုဏ်းခေါင်းဆောင် မင်းဒန်ရဲ့ညီကိုသတ်မိသွားလို့
သူ့အစ်ကို မင်းဒန်မှပြန်လည်ကလဲ့စားချေဖို့အပြင်
ဇီဝနည်းပညာဖြင့် ဗီဇလက်နက်များ
တရုတ်နိုင်ငံနယ်စပ်ကိုခိုးယူဝင်ရောက်ရန်အတွက်
အဆင့်မြင့်ကြေးစားစနိုက်ပါသမားများကို
ငှားပြီးအပြန်အလည်တိုက်ခိုက်ချေမှုန်းတဲ့
တရုတ်စနိုက်ပါစစ်ကားကောင်းတကားဖြစ်ပါတယ်
မင်းသား Leng Feng (မင်းသားWu Jing)ကိုယ်တိုင်
ဒီဇာတ်ကားမှာ ဒါရိုက်တာအဖြစ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်
အတိုက်အခိုက်အကြမ်းအရမ်းမှကြိုက်နှစ်သက်သူတွေ
အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားပါ

ပုံမှန်အတိုင်းpCloud ကနေ  တင်ပေးထားပါတယ်

 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..  
  

                                                             https://my.pcloud.com/publink/show?code=4c1rtalK
                               https://my.pcloud.com/publink/show?code=40h7




အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/

So Close (2002) မြန်မာစာတန်းထိုး

So Close (2002) မြန်မာစာတန်းထိုး



 So Close (2002) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကိုတော့ အထွေအထူးညွန်းဖို့မလိုဘူးထင်ပါတယ်..။
တချိန်က နာမည်ကြီးဇာတ်ကားဖြစ်သလို
ဒီနေ့အထိလည်း ကျနော့်ကိုမြန်မာစာတန်းထိုးနဲ့
တင်ပေးဖို့ တောင်းဆိုကြတာ မနည်းမနောပါပဲ..။
ဒီတော့ ဇာတ်ကားအကြောင်းမပြောပဲ
ကျနော့် ရဲ့ ချမ်းငြိမ်း-မှော်ဝန်း Pages အကြောင်းပဲပြောပါရစေ..။
လက်ရှိ Like ၂ သိန်းကျော် ရရှိပြီးဖြစ်တဲ့ ချမ်းငြိမ်း-မှော်ဝန်း
Pages လေးက Report ဒဏ်ရာဒဏ်ချက်တွေနဲ့
 ခေတ္တအနားယူသွားတာမို့ ချမ်းငြိမ်း-မှော်ဝန်း 
Pages ကိုလောလောဆယ်ရှာလို့တွေ့မှာ မဟုတ်ပါဘူး...။
ဒါပေမယ့် ရုပ်ရှင်ဇာတ်ကားတွေကို http://movie.channyein.org/ မှာ ပုံမှန်တင်ပေးနေမယ်ဆိုတာ သတင်းပေး ပါရစေ...။
နောက်ပြီး ပုံမှန်တင်နေကြ Pages တွေမှာလည်း
ပုံမှန်တင်ပေးသွားမှဖြစ်ပြီး...
လက်ရှိ ကျနော့်ရဲ့ Pages တခုဖြစ်တဲ့...
https://www.facebook.com/channyein.org/ ကိုLike
နဲ့ Share လေးလုပ်ပြီး ကူညီပေးကြဖို့ မေတ္တာရပ်ခံပါစေ...။
 So Close (2002) မြန်မာစာတန်းထိုး ကို ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် 
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
   

Download 480p  450 MB 

                                                            https://my.pcloud.com/publink/show?code=QIwrtalK

https://my.pcloud.com/publink/show?code=fAwrtalK





အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/

Pathfinder(2007) မြန်မာစာတန်းထိုး

Pathfinder(2007) မြန်မာစာတန်းထိုး



Pathfinder(2007) မြန်မာစာတန်းထိုး

ဒီ ဒဏ္ဍာရီတစ်ခုရဲ့ အစ ကတော့..
မြောက်အမေရိကတိုက် ကိုလံဘတ် မတွေ့ခင်
နှစ်ပေါင်း ၆၀၀ လောက်က မြောက်အမေရိကတိုက်
ရက်စက်ကြမ်းကြုတ်သူတွေက နယ်ချဲ့ကျူကျော်စစ်ပြုခဲ့တယ်..။
ဒါပေမယ့် တစုံတရာက သူတို့ရဲ့ ရည်ရွယ်ချက်တွေကို
ပိတ်ပင်တားဆီခံခဲ့ရတယ်...
အဲဒီ တစုံတရာဆိုတာကတော့ ...
ကောင်လေးတယောက်ပါ လူရိုင်းလေးတယောက်ဆိုပါစို့...
.............................................................................
Action, Adventure, Drama အမျိုးအစားဇာတ်ကားလေးဖြစ်ပြီး
မကြည့်ရသေးတဲ့ သူငယ်ချင်းတွေ ကြည့်ဖြစ်အောင်
ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ....
ပုံမှန်အတိုင်း pCloud ကနေ ဖိုင်ဆိုဒ်အသေးအကြီးနဲ့တင်ပေးထားပါတယ် 
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ.. 
   

Download 480p  435 MB 
တိုက်ရိုက်ကြည့်ရန်
https://my.pcloud.com/publink/show?code=tMlrtalK


https://my.pcloud.com/publink/show?code=4TlrtalK



အားလုံးကို ကျေးဇူးတင်ပါတယ်..
 ချမ်းငြိမ်း-မှော်ဝန်း
 http://movie.channyein.org/