Sunday, January 3, 2016

***ရင်ဘတ်ထေ့ကသီတာထွေး***

***ရင်ဘတ်ထေ့ကသီတာထွေး***
__________________________
သွီးသမိုင်းကိုစာဖွဲ့
ရက္ခိတရို့ဧ့သဇပန်း
မင်းအကြွီစောလားစာရင်နာရေ။
ခွီးတစ်စုဧ့အစာငတ်ယှာမာ
ဓါစာခံဖြစ်လားရရေမင်းအတွက်
ငါအမှန်ရင်နာမိရေ။
ကျွန်ဇတာအဓွန့်ယှည်ရေဇာသီခွင်မာမှ
မင်းရို့ငါရို့ကြီးပြင်းလာခစာကိုသူငယ်ချင်း။
အမျိုးမျိုးနှိပ်ကွက်လို့
ဆင်းရဲတွင်းအနက်တစ်နိန်ယှာမာ
ထမင်းနပ်မှန်ဖို့
ရုန်းကန်နိန်ရရေငါရို့တိဘဝ
အမျိုးသားရီးကိုမသိ
သမိုင်းကိုမတူးဖော်
ဇာတိမာန်ပျောက်ကွယ်နီချိန်
မင်းက
သွီးနန့်ကမ္မည်းတင်ခဖူးရေနန်း။
မင်းကြောင့်ငါရို့ငိုကြွီးခဖူးရေ
မင်းကြောင့်အမျိုးသားရီးစိတ်ဟိလာခရေ
မင်းခင်းပီးခရေလမ်း
တတိုင်းပြည်လုံးငိုကြွီး
ရခိုင်သွီးရို့
အမှန်ရီးရင့်ခပါရေ။
ရခိုင်ပီပီဇာတိမာန်ကိုလှုပ်နိုး
ရက္ခိတရို့ရင်ဘတ်တစ်နိန်ယှာမာ
အသီရိုက်ထေ့ထားရေသံမှိုတစ်ချောင်းစာ
မင်းဖြစ်တေ။
သက္ကရာဇ်ထောင်ချီပြောင်းလေ့
ငါရို့သမိုင်းမာ
မင်းကိုဂုဏ်ပြုထားပါရေ။
ရခိုင့်အမျိုးသားရီး
မပြိုကွဲစီအောင်
အသက်ကိုစတေးမင်းခင်းခရေဒေလမ်း
ငါရို့ဖြတ်လျောက်နိန်တိုင်း
မင်းဟိနိန်မှန်းငါသိရေ။
တူတူချီတက်
ကျွန်ဘဝကလွတ်မြောက်ဖို့
သီတာထွေးမင်းလှုံ့ဆော်ထားခရေလမ်းကို
ရခိုင့်တပ်မတော်နန့်
ရခိုင့်မျိုးချစ်ပါတီရို့
အနာဂတ်ကိုလှမ်းတက်နိန်ကတ်ကေ။
မင်းအီးချမ်းသာယာရေဘုံဘဝတစ်နိန်ယှာက
ပျော်ရွင်ပါဇီဝေ။

Mg Gyi Chan

No comments:

Post a Comment