Sunday, January 3, 2016

ရခိုင်တော်လှန်ရေး နိဒါန်း

ရခိုင်တော်လှန်ရေး နိဒါန်း ( ပထမပိုင်း ) ရခိုင်ရာဇဝင် သစ်ကျမ်းမှ ကောက်နုတ်ဖော်ပြပါသည် ။

1372799_221603171339445_1321034367_nသဇင်ပန်းခိုင်တမြိုင်မြိုင်
ရခိုင် ဘုရားပေါင်း
တင်းဝပန်းခိုင်တမြိုင်မြိုင်
ရခိုင် လူအလောင်း
–*********—
ပုံဘိတောင်နှယ်
ကောင်ပုတ်ဝယ်ကား
လူငယ်တသောင်း
လူကြီးပေါင်းမူ
သျှစ်သောင်းအစွန်
တသိန်းလွန်၏
အမှန်ယင်းခါ သီလီပါ၏
သိမ်းကာယူထ
ပြည်အင်းဝသို့
ပါရလီပြား လူယောက်ျားနှင့်
မပြားမာန်ထ လူမိမ္မကို
တွက်ချရွီသော်
နှစ်သိန်းကျော်၏
ကြားသောမြင်ခါ
ကြောက်ဖွယ်သာတည်း
ဒွါရာသံတွဲ မြို့ရမ်းဗြဲနှင့်
မြစ်တဲပန်းမြောင်း
ကျွန်းမာန်အောင်၌
ဖမ်းနှောင်ချိုင်လျှင်း
ယူလီခြင်းကို
သတင်းစကား နားသာကြား၏
မှတ်သားတထစ် ရွီတွက်စစ်၍
တစ်နစ်သုံးလေး စာနင့်ရေးပြီး
ပီးသူမဟိ ဖြစ်လီဘိခြင်း
ဇီဝင်္သခါ ယုံမှားစွာဖြင့်
ဆိုရာစကား
ကျယ်ဝန်းလျှား၏
သီလားအကောင်
ဖူးဖူးရောင်၍
ပုတ်ဟောင်နံစော်
ရုပ်ခန္ဓာကို
ကာကာလင်းတ
သိန်းစွန်မှသည်
ခွီးကစလျှက်
ကျားသစ်ဝက်ရို့
လုယက်ဖန်ဖန်
ကိုက်စားဟန်ကို
ကျန်လူအများ
မြင်လီငြားမူ
ဘုရားတရား
သံင်္ဃာများကို
အားကိုးပြီးခါ
မြည်တမ်းပါ၍
ငိုခါ ရွီ ရွတ် နဖူးသတ်သည်
ရင်ဖတ်လက်တင်
ခတ်တီးတည်း —–
ရခိုင်တော်လှန်ရေး နိဒါန်း
( ပထမပိုင်း )
ရခိုင်ရာဇဝင် သစ်ကျမ်းမှ
ကောက်နုတ်ဖော်ပြပါသည် ။

No comments:

Post a Comment