Friday, February 5, 2016

Dilwale ဆိုတဲ့ အိန္ဒိယ ဇာတ်ကားလေးပါ။


DILWALE(2015)

IMDB Rating : 5.7 /10
Genre : Action , comedy ,Drama
Duration : 158 mins
ရသလေးမျိုး လောက်ကို တစ်ပြိုင်တည်းခံစား ရမယ့် Dilwale ဆိုတဲ့ အိန္ဒိယ ဇာတ်ကားလေးပါ။
အချစ်၊ ဂီတ၊ အက်ရှင်၊ ဟာသရသစုံပါတဲ့ ဒီဇာတ်ကား လေးမှာ အဆင့်မြင့်တဲ့ရိုက်ချက် တွေ၊ ရှုခင်းတွေနဲ့ ဘောလိဝုဒ် ကားတွေမှာ မပါမဖြစ်တဲ့ အက အလှတွေမြင်ရမယ့်အပြင် မင်း သမီးက ဂျိုးလ်နဲ့ မင်းသားရှာရွတ် ခန်တို့ရဲ့ ငါးနှစ်ကြာပြီးမှ အတူတွဲ ရိုက်ဖြစ်လို့ သေချာပေါက်မြည်း စမ်းသင့်တယ်လို့ ဆိုချင်ပါတယ်။
ရင်ထဲမှာ နာကျင်နေတဲ့ ခံစားမှုကြီးနဲ့ ဘယ်သူကမှ မနှုတ် ဆက်ချင်ကြလို့ အဲဒီအရာနဲ့ပတ် သက်ပြီးတော့လည်း မပြောပြ ချင်၊ မဖြေရှင်းချင်ကြပါဘူး။ ရက်ဂ်ျနဲ့မီရာတို့ဟာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို တစ်ဦးအပေါ်တစ် ဦး အမုန်းတရားတွေနဲ့ ခွဲခွာပြီး ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြပါ တယ်။ နှစ်ဖက် အသိုင်းအဝိုင်း ကြားက ပဋိပက္ခတွေကြောင့် အ ဝေးဆုံးလမ်းကိုရောက်ခဲ့ကြပေ မယ့် ၁၅ နှစ်လောက်ကြာအပြီးမှာ တော့ ရက်ဂ်ျတို့နှစ်ဦး ပြန်ဆုံဖို့အ ကြောင်းဖန်လာခဲ့ပါတယ်။
မတည့်တဲ့အသိုင်းအဝိုင်းနှစ် ခု ပြန်ဆုံတဲ့အခါ ဘာတွေဆက် ဖြစ်မှာလဲ။ ဝေးကွာနေခဲ့တဲ့ ချစ် သူတွေ လက်တွဲခွင့်အတွက် ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမှာလဲဆိုတာ တင်ဆက်ထားတာ ပါ။ အရမ်းလှတဲ့ရှုခင်းတွေကြည့် ရတာနဲ့တင် တန်နေပြီလို့ဆိုနိုင်တဲ့ ဒီဇာတ်ကားလေးကို ရုပ်ရှင်ဝေဖန် ရေးသမားတွေက ကောင်းတဲ့မှတ် ချက်တွေပေးထားတာမို့ မိသားစု နဲ့အတူ လိုက်ပါဦးလို့..။
(အညွှန်းက 7day ကနေယူထားတာပါ။ အခုကတော့ အပေါ်ကအညွှန်းထဲက အရသာအကုန် ခံစားရဖို့တော့ သိပ်မကျိန်းသေပါဘူး။ ဘာလို့ဆို ရုပ်ရှင်က ကွာလတီလုံးဝ အကြည်မထွက်သေးတာကို ထွက်သလောက် scr ကွာလတီနဲ့ လုပ်ထားတာရယ် ။ စာအမှန်မထွက်သေးခင်မှာ စာအသေ နဲ့ အနီးစပ်ဆုံး နားထောင်ပြီး ဘာသာပြန်ထားတာရယ်ကြောင့် အဆင်မပြေတာတွေရှိရင် သီးခံကြဖို့ မေတ္တာရပ်ခံပါတယ်)
Review Credit – http://www.7daydaily.com/
Encoder- Lynn Lynn Latt

ဗီဒီယို ဒေါင်းချင်သူများနှင့်တိုက်ရိုက်ကြည့်လိုသူများအတွက် ဒေါင်းရန်လင်ခ် >>  1080p  360p
 ဒေါင်းလုတ် မလုပ်တတ်သူများ ဒီနေရာမှာ  ဖတ်ပါ။
copy ယူပြီး တိုက်ရိုက်ကြည့်ရန်
https://my.pcloud.com/publink/show?code=XZhPILZAe9z3XBFjmbiWDv9ut3BoHMY37oV

https://my.pcloud.com/publink/show?code=XZfPILZWiiRPPC1i8Qmx8eEVlOCAYsdrNGy
မူရင်း ..http://www.mmsubtitles.co/2016/02/dilwale2015/

No comments:

Post a Comment