Saturday, February 6, 2016

MAGGIE (2015) (1080) ဖုတ်ကောင် (zombie)

MAGGIE (2015) (1080)

IMDB Rating : 5.6 /10
Genre : DramaHorrorThriller
Duration : 95 mins
အမေရိကန်အလယ်ပိုင်းဒေသမှာ ဗိုင်းရပ်စ်တစ်မျိုးပျံ့နှံ့ပြီး လူတွေက ဖုတ်ကောင် (zombie) အဖြစ်ပြောင်းပြီး အားလုံး ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်…။ လယ်သမားတစ်ယောက်ဖြစ်တဲ့ Wade ဟာ မြို့ထဲမှာ ပိတ်မိနေတဲ့ သမီးဖြစ်သူ Maggie ကို လိုက်ရှာနေပါတယ်။ Maggie ကို ဆေးရုံမှာ တွေ့လိုက်ချိန်မှာတော့ သူမရဲ့လက်မှာ zombie အကိုက်ခံထားရတာကို တွေ့ရတယ်။ အာဏာပိုင်တွေ သိသွားရင် ဖမ်းဆီးသတ်ဖြတ်ခံရမှာ စိုးတဲ့အတွက် Wade ဟာ Maggie ကို အိမ်ပြန်ခေါ်ပါတယ်။
ရောဂါကူးစက်ခံနေရပြီဖြစ်တဲ့ Maggie ဟာ ရက်ပိုင်းအတွင်း လူသားစား zombie အဖြစ် ပြောင်းလဲသွားတော့မှာပါ။ သမီးကို အရမ်းချစ်တဲ့ Wade ကတော့ ဘာဖြစ်လာမယ်မှန်း သိနေပေမယ့် သမီးဖြစ်သူကို ဘယ်သူမှ မမြင်အောင် ဝှက်ထားပြီး လူစိတ်မပျောက်အောင် ထိန်းသိမ်းပြုစုပေးနေပါတယ်။ ဒါပေမယ့်လည်း တစစအသွင်ပြောင်းလာတဲ့ Maggie ဟာ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့သလို ရဲတွေနဲ့ ဘေးပတ်ဝန်းကျင်ကလည်း Wade ရဲ့အိမ်ကို သင်္ကာမကင်းဖြစ်လာတဲ့အခါမှာတော့…………
မင်းသားကြီး Arnlod Schwazenneger ရဲ့ Maggie ဟာ တကယ်တော့ ထိတ်လန့်သဲဖိုရုပ်ရှင် မဟုတ်ပါ။ ဖခင်နဲ့ သမီးရဲ့ ချစ်ခြင်းမေတ္တာဖွဲ့ ဒရမာကားလေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် zombie apocalypse ဇာတ်လမ်းနောက်ခံနဲ့မို့ သာမာန်ဒရမာရုပ်ရှင်တွေထက်တော့ ပိုမိုဆန်းကြယ်ပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ zombie လူသားစား သတ်ဖြတ်တဲ့ပြကွက်တွေ သိပ်မပါတဲ့ ဇာတ်လမ်းကောင်းလေးပါ။
Review Credit – MOVIE MAG Myanmar
မြန်မာစာတမ်းထိုး – Crescent Traslation Group
Encoder Lynn Lynn Latt
ဗီဒီယို ဒေါင်းချင်သူများနှင့်တိုက်ရိုက်ကြည့်လိုသူများအတွက် ဒေါင်းရန်လင်ခ် >>  1080p (1.1 G)  360p(745 M)
 ဒေါင်းလုတ် မလုပ်တတ်သူများ ဒီနေရာမှာ  ဖတ်ပါ။
copy ယူပြီးတိုက်ရိုက်ကြည့်ရန်
 https://my.pcloud.com/publink/show?code=XZnWRLZsWOUPiB4Bn4wOzmz1gxiNHYWgB2y

https://my.pcloud.com/publink/show?code=XZAWRLZ7iLmPPhzV4bUAB7Y4FMe2yxI3QF7

No comments:

Post a Comment